Ch.(72) စတေးခံ / စေတးခံ

2.2K 445 5
                                    

Unicode

ဇာတ်လိုက်၏ s*x ဘဝအပြင် အခြားအရာအားလုံးသည် ဗလာသာဖြစ်သည် (ဖြတ်ထုတ်ခံရ)




ရှဲ့ကျစ်ဝေ့ သက်ပြင်းချပြီး ဘာမှမပြော။ တကယ်တော့ သူက ဒါကို ဘယ်လိုရှင်းပြရမှန်း မသိပေ။

"ရှင့်ကြည့်ရတာ ကျွန်မနောက်ကွယ်မှာ ကျွန်မတူလေးနဲ့ တိုက်ထားပုံပဲ" ချုံးကျိုးယွင် ချက်ချင်းပြောလိုက်သည်။ "ဘာလို့ သူနဲ့ သွားရှုပ်ရတာလဲအာ? သူ့ရဲ့ ခွန်အားအစစ်အမှန်က ကြောက်စရာကောင်းတာကို ရှင်မသိဘူးလား?"

"သိတာပေါ့" 'သူဘယ်​သူ့တပည့်​လဲမင်းမတွေ့ဘူးလား?' ရှဲ့ကျစ်ဝေ့က ဆက်၍ဆင်ခြေပေးသည်။ “အပြင်မှာ လမ်းလျှောက်ထွက်ရင်း သူခြံထဲကို ဝင်သွားတာတွေ့တော့ သူ့အဆင့်အတန်းနဲ့ ယှဉ်ရင် အရမ်းရိုးရှင်းလွန်း​နေလို့ စူးစမ်းချင်စိတ်တွေ ပြင်းပြပြီး လိုက်ဝင်သွားပေမယ့် ဘယ်သူက ထင်မှာလဲ…”

ချုံးကျိုးယွင်က မျက်ခုံးတွေ တွန့်သွားသည်။ "ထားလိုက်တော့၊ ထားလိုက်တော့။ အခုပြောနေလည်း အသုံးမဝင်တော့ဘူး။ ရှင့်သေတွင်းသွားတူးနေရင် ကျွန်မလည်းဘာမှမတတ်နိုင်ဘူး။ အထဲကကောင်က ကိုက်တတ်တော့ ရက်နှစ်ရက်လောက် အပြစ်ပေးဖို့ သိမ်းထားတာလဲဆိုတာ သိပေမယ့်…”

"ဒါပေမယ့် ဘာလဲ?" ရှဲ့ကျစ်ဝေ့က မေးသည်။

သူတို့၏ လုပ်ငန်းဆောင်တာသည် အလွန်လျင်မြန်သောကြောင့် ချုံးကျိုးယွင်သည် အကျဉ်းသားလှည်းပေါ်တွင် စွဲဆောင်မှုရှိစွာ ထိုင်ကာ နီးကပ်လာခဲ့သည်။ "ရှင်ဘယ်လိုများ ကျွန်မတူလေး မျက်လုံးအောက်မှာ လွတ်လာပြီး ချင်းဖျင်ဓားကို မကြောက်ဘူးလို့ အယုံသွင်းနိုင်ခဲ့ပါလိမ့်?"

'ဘာကိုဆိုလိုတာလဲ? "ငါမကြောက်ဘူးလို့ သူ့ကိုအယုံသွင်းတာ?" တကယ်ငါလုံးဝမကြောက်ဘူးဆိုတာ ရှင်းနေတာပဲကို' ဒါပေမယ့် ချုံးကျိုးယွင်ရဲ့ အတွေးတွေ တိုးလာလေလေ ရှဲ့ကျစ်ဝေ့က ပိုပျော်ရွှင်လေလေပါပဲ။ သူက အံ့သြဟန်ဆောင်ပြီး “ငါ သူ့ကို လှည့်စားတာ မင်းဘယ်လိုပြောနိုင်မှာလဲ”

"အဲဒါကို ကျွန်မကရှင်းပြရအုံးမှာလား?" ချုံးကျိုးယွင်က ဟစ်အော်လိုက်သည်။ “ချင်းဖျင်ဓားက ဘယ်လိုရတနာမျိုးမို့လို့လဲ? ချီယန်ကိုယ်တိုင်တောင်မှ လေးစားရတယ်၊ ရှင့်လိုသင်းကွဲ ကျင့်ကြံသူဆို မပြောနဲ့တော့"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now