17.6K 1.4K 126
Unicode
မင်းကငါ့ရဲ့အတောင်ပါတဲ့Padပဲ!
ရှဲ့ကျစ် (谢之) သည် တံခါးခေါက်သံကြောင့် လန့်နိုးသွားသော်လည်း မျက်လုံးကိုပင် မဖွင့်ခဲ့။ "ဘယ်သူလဲ..."
အသံကရိုသေစွာဖြင့် "အာ့ရှစ်ရှူး(ဒုတိယသိုင်းဦးလေး)၊ အချိန်နီးနေပါပြီ" ဟု ပြန်ဖြေလာသည်။
သူ့ရဲ့ ပရော်ဖက်ရှင်နယ် အလေ့အထတွေကြောင့် ရှဲ့ကျစ် ဟာ တတ်နိုင်သမျှ အိပ်ရေးဝဝ အိပ်ဖို့ အမြဲကြိုးစားခဲ့တယ်။ သူ၏ အဖိုးတန်တစ်ရေးတမော အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသဖြင့် စိတ်တိုလာတော့သည်။ "မင်းဘာတွေပြောနေတာလဲ ငါက ရှဲ့ကျစ် ပါဟ"
အပြင်ကလူက လန့်သွားသည်။ "အာ့ရှစ်ရှူး တပည့်ကို နောက်နေပြန်ပါပြီ။ အာ့ရှစ်ရှူးရဲ့ နာမည်အပြည့်အစုံက ရှဲ့ကျစ်ဝေ့ ဆိုတာ မသိတဲ့သူမှမရှိတာ"
"ဘာလား..." ရှဲ့ကျစ်ဝေ့က ဘယ်သူလဲ? ရင်းနှီးနေသလိုပဲ...
နေပါအုံး!
ရှဲ့ကျစ်၏ မျက်လုံးများ ပွင့်လာတော့သည်။ ကုတင်ထက်မှာ အပြာနုရောင် ပိတ်စလေး ခင်းထားပြီး သူ့ပတ်ဝန်းကျင်တွင် ရှေးဟောင်းပုံစံဖြင့် အလှဆင်ထားသော အခန်းတစ်ခုရှိသည်။ စားပွဲပေါ်တွင် ဓားတစ်ချောင်းရှိပြီး (သတ္တုကို မမှတ်မိသော်လည်း) စိမ်းဖျော့ဖျော့ ကျောက်စိမ်းတုံးတစ်တုံးကို ၎င်း၏ခါးတွင် ထည့်ထားကာ အတော်ပင်စျေးကြီးပုံသည်။
ရှဲ့ကျစ်ဝေ့က အေးစက်စွာ ရယ်မောလိုက်သည်။ 'အပြင်အဆင်တွေဘယ်လောက် လုပ်ထားလုပ်ထား ငါကတော့ ပဲငံပြာရည် ဇာတ်ရုပ်ကို သရုပ်မဆောင်နိုင်ဘူးဟေ့!'
ပြင်ပလူက သံသယဝင်လာသည်။ "အာ့ရှစ်ရှူး၊ ဘာတွေရယ်နေတာလဲ? အချိန်ရောက်လာတော့ပါမယ်။ မနေ့ညက အဲ့ကောင်လေးကိုပြုစုရတာ ပင်ပန်းလို့ အိပ်ငိုက်နေတာလား?"
ကောင်လေး? ရှဲ့ကျစ် ခေါင်းကို လှည့်ပြီးကြည့်လိုက်တော့ ကုတင်ပေါ်မှာ အခြားတစ်ယောက်ယောက်လည်း အိပ်နေတယ်ဆိုတာ သိလိုက်ရသည်။ ထိုသူ့မျက်နှာက နံရံဘက်ကို လှည့်နေသည်။ ရှဲ့ကျစ်တစ်ယောက် ထထိုင်ကာ ရယ်မောလိုက်တော့သည်။ "ဘာတွေ သရုပ်ဆောင်ချင်နေတာလဲ? ကင်မရာတွေ ဘယ်မှာဝှက်ထားလဲ? အကုန်ယူသွားပြီး ဟန်ဆောင်နေတာ ရပ်လိုက်တော့။ ငါပြောပြီးသားလေ မလုပ်နိုင်ဘူးလို့!"
Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now