အတွဲ(3) တော်ဝင်နန်းတွင်း / တော်ဝင်နန်းတွင်း

2.2K 378 7
                                    

Unicode

ဂုဏ်သရေရှိလူကြီးမင်း၊တို့ Gallant Outlawရဲ့ စကားပြေကို ကြည့်ရှုလော့!

【ဝတ်ရုံဖြူတစ်ခု ခြေတစ်လှမ်းကမ်းပါးပေါ်မှ ကြယ်ရောင်စုံ ကောင်းကင်ကို လှမ်းမျှော်ကြည့်သောအခါ မှောင်မိုက်နေလေသည်။ မျက်စိမြင်နိုင်သလောက်တော့ ဝါစပင်တွေက ဧရိယာတစ်ထောင်လောက်အထိ ညရောင်အောက်မှာ ဖြန့်ကျနေသည်။ ဤသည်မှာ တန်ဖိုးမရှိတော့တာ ကြာသော ထိပ်သီးမြို့တော်ပဲဖြစ်တယ်။

တိတ်ဆိတ်နေချိန်တွင်၊ သူ၏ဓားမှ သွေးစက်များ မြေပြင်ပေါ်သို့ စီးကျလာသည်—နောက်ဆုံးတွင် သူသည် လက်စားချေနိုင်ခဲ့ပြီး Shuraတစ်ဦးပင် သက်ပြင်းချမိမည့် နှေးကွေးကြမ်းတမ်းသောနည်းများဖြင့် ရန်သူများကို သတ်ပစ်ခဲ့သည်။

သူ ပါးစပ်ကိုဖွင့်ကာ "ရှဲ့အကြီးအကဲ၊ မင်းသာငါ့ကို တပည့်အဖြစ် လက်ခံခဲ့မယ်ဆိုရင် မင်း အသက်ရှင်နေအုံးမှာလား? ငါကရော ဒီနေ့ ငါဖြစ်လာမှာလား?"

စကားလုံးများ ပျက်ပြယ်သွားသော်လည်း ရိုသေလေးစားဖွယ် စီနီယာသည် သူ့ရှေ့တွင် ရပ်နေသကဲ့သို့ လေသံက လေးနက်ပြီး ပေါ့ပါးသည်။

သို့သော် တိတ်ဆိတ်မှုကလွဲ၍ ဘာမျှမရှိ။

သူ့လက်ထဲက သွေးစွန်းနေတဲ့ ဓားကို စိုက်ကြည့်ရင်း အကြည့်များ မည်းမှောင်သွားပြန်သည်။ "ဘာပဲဖြစ်ဖြစ် ပိုင်သားအဖ ငါ့လက်ထဲမှာ သေဆုံးသွားတဲ့အချက်ကို မင်းအတွက်ရော....ငါ့ရဲ့လက်စားချေမှုလို့ပါ မှတ်လို့ရတယ်"

ထွက်ခွာရန်ပြင်လိုက်စဉ် လေက လှိုင်းထလာပြီး ဝါးပင်ပင်လယ်ကို လှုပ်ခါသွားသည်။ မိုးလင်းလာသောအခါ၊ နတ်ဆိုးဂိုဏ်းသည် ဤကျယ်ဝန်းသောနယ်မြေတစ်လျှောက် ကျူးကျော်ဝင်ရောက်လာမည်ဖြစ်သည်။ အတိတ်က သူ့ကို စွန့်ပစ်၊ ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်ခဲ့တဲ့ မသေမျိုးယုကျင်းဂိုဏ်းဟာ သူ့ခြေဖဝါးအောက်မှာ နင်းခြေခံရလိမ့်မည်။

ညအချိန်တွေဆို တောထဲမှာ သူ့ကို ကယ်တင်ခဲ့တဲ့သူကို တခါတရံ သတိရမိတတ်သည်—အဲဒီတုန်းက ကောင်းကင်က ကြည်လင်ပြီး နေရောင်ပူလောင်ကာ ဝါးပင်များကို စိမ်းစိုနေတဲ့ သစ်ရွက်ခြောက်တွေ ဖုံးအုပ်သွားတတ်တာကို ပြန်သတိရမိတတ်သည်။ ကျီးကန်းဖြူဝတ်ထားသော အမျိုးသားသည် ကောင်းကင်နှင့်မြေကြီးကြားရှိ နတ်ဘုရားကဲ့သို့ သူ့ဆီသို့ လမ်းလျှောက်လာစဉ် မျက်ခုံးများကို ဖြေလျှော့လိုက်သည်။ ထိုပုံရိပ်သည် အမှောင်ထုမတိုင်မီ နောက်ဆုံးမြင်လိုက်ရသော အလင်းရောင်လေးဖြစ်သောကြောင့် သူ့အရိုးများထဲအထိ ထွင်းထုထားခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now