Ch.(12) စတင်ထွက်ခွာခြင်း / စတင္ထြက္ခြာျခင္း

4.7K 716 9
                                    

Unicode

ဝတ္ထရားအရတွေဘာတွေကျော်ပြီး ပြောစရာရှိတာပြောလို့ မရဘူးလား!?



ထို့ကြောင့် ရှဲ့ကျစ်ဝေ့ သည် (စိတ်ထဲမှ) ကျိန်ဆဲပြီး ကောင်းကင်မြို့တော် သို့ (​ခြေဆောင့်)ကာ သွားတော့သည်။ ရန်ကျစ်ဖေးက သူ့ကို ပင်မခန်းမမှာ စောင့်နေပြီဖြစ်ပြီး တပည့်နှစ်တန်းက သူဝင်သွားတဲ့အခါ ဦးညွှတ်လိုက်ကြသည်။

"အာ့ရှစ်ရှူးကို နှုတ်ခွန်းဆက်သပါတယ်။"

ရှဲ့ကျစ်ဝေ့သည် ခေါင်းကို ငုံ့ထားကာ ၎င်းတို့ကို ဖြတ်ကျော်သွားရန် စီစဉ်ထားသော်လည်း သူ၏ စရိုက်လက္ခဏာများကြောင့် ... သူက အနည်းငယ် ပြုံးကာ လူငယ်လေးတွေကို ခေါင်းညိတ်ပြလိုက်သည်။ "ရှစ်ကျီတို့ ရိုသေနေစရာ မလိုပါဘူး။" သူ၏ နူးညံ့သိမ်မွေ့သော လေသံသည် ပူနွေးသော နွေဦးလေညင်းကဲ့သို့ မှုန်မှိုင်းသော ခန်းမကို ဖြတ်သန်းတိုက်ခတ်သွားသည် ။ တပည့်အနည်းငယ်က ပြုံးပြလိုက်ကြပြီး တင်းမာသောမျက်နှာထားရှိသော ရန်ကျစ်ဖေးတောင် သူ့အောက်က ထိုင်ခုံတွင် ထိုင်ရန် လက်ဟန်ပြရင်း ငြိမ်သက်သွားပုံရသည်။

"ထိုင်ပါ။"

ရှဲ့ကျစ်ဝေ့က ခေါင်းညိတ်သည်။ "ရှစ်ရှူန်း ကျေးဇူးအများကြီးတင်ပါတယ်" 'မင်းမေ၊ ဒါကြီးကပင်ပန်းလိုက်တာ။ ဝတ္ထရားအရတွေဘာတွေကျော်ပြီး ပြောစရာရှိတာပြောလို့ မရဘူးလား!?'

မူလhost၏ အပြုအမူနဲ့သာဆို ပိုင်ကျန့်ကျူး သူ့ကိုမလုပ်ခင် ပင်ပန်းနွမ်းနယ်ပြီး သေသွားလိမ့်မည်။ ရှဲ့ကျစ်ဝေ့ ကမ္ဘာကြီးနှင့်ဝေးရာသို့ ပုန်းရှောင်နေသည်မှာ အံ့သြစရာမရှိပါ။ ဒီလို ခက်ခဲတဲ့ ကျင့်ဝတ်တွေကို မုန်းတီးနေပေမယ့် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဖို့ ရှက်ရွံ့လွန်းအားကြီးလို့ ဖြစ်နိုင်သည်။ 'အရေခြုံလူသားတွေနဲ့ အရေခြုံစနစ်!'

ရန်ကျစ်ဖေးက "ငါ မင်းကို ဘာလို့ခေါ်တာလဲဆိုတာ မင်းသိပြီးသားလို့ မျှော်လင့်ပါတယ်"

ရှဲ့ကျစ်ဝေ့က ဦးညွှတ်သည်။ "ရှစ်ရှူန်းက ကျွန်တော့်ကို စန်းယွင်ဓားဂိုဏ်း ကိုသွားစေချင်တာလား"

Too Bad Master Died Early [Mm translation] {Completed}Onde as histórias ganham vida. Descobre agora