Ch.(39) ပေါ်လာသောအခွင့်အရေး / ေပၚလာေသာအခြင့္အေရး

3.3K 519 15
                                    

Unicode

တာအိုဆရာလေးက အရမ်းဆိုးတာပဲ။


ရှဲ့ကျစ်ဝေ့နှင့် မုဟဲတို့သည် တို့ဟူး၊ အသီးအရွက်များနှင့် ထမင်းကြမ်းတို့ကို အတူတူ အရသာရှိရှိ စားသုံးနေကြစဉ် ဒီသတင်းကို ကြားရသည်။ မနေ့ကနှင့်မတူဘဲ မုဟဲသည် သူ့ထမင်းကို အတော်လေးစားသည်။ ရှဲ့ကျစ်ဝေ့က သူ့အသီးအရွက်တွေကို ကောက်စားနေပေမယ့် တိတ်တိတ်ဆိတ်ဆိတ်နဲ့ (ရည်ရွယ်ချက်ရှိရှိ) မေးလိုက်သည်။ "ချန်တောက်ရှို့၊ အဲဒီနာမည်ကို နည်းနည်းရင်းနှီး နေသလိုပဲ။"

မုဟဲသည် တို့ဟူးတစ်ပိုင်းကို ကောက်ကိုင်လိုက်စဉ် လက်များ တုန်ခါသွားသော်လည်း သူက "တပည့်လည်း သူ့ကိုမသိပါဘူး။  သူတို့ အသည်းအသန်ရှာနေပုံထောက်ရင် ပိုင်ရှစ်ရှူရဲ့ အချစ်တော်တွေထဲက တစ်ယောက်နေမှာပေါ့။"

အရင်အချိန်ခါတုန်းက သူမက တော်တော်လေး သဘောကျခံခဲ့ရပါတယ်။ ဇာတ်လိုက်ကိုသတ်ရန် အရည်အချင်းရှိသော မိန်းကလေးတစ်ဦးအနေနှင့် ဝတ္ထုတွင် သူမ၏နာမည်အတွက် နေရာတစ်ခု ရရှိခဲ့သည်။  'ကြည့်ရတာ ဇာတ်လိုက်ရဲ့ စိတ်နေစိတ်ထားကို ပြန်လည်မြှင့်တင်ထားပုံရတယ်။ သူ့ကိုအဆိပ်ခတ်ပြီး သတ်ခဲ့တဲ့ မိန်းမကို တောဝက်လိုဏ်ဂူထဲမှာ ပစ်ချခဲ့တာတောင် သူမသိသလို ပေါ့ပေါ့တန်တန် ပြောနိုင်သေးတယ်။' ဒီအပိုင်းသည် မူလကမုဟဲ စန်းယွင်ဓားဂိုဏ်းသို့ မသွားရောက်မီက ဖြစ်ပွားခဲ့ခြင်းဖြစ်တာကြောင့် ဇာတ်လမ်းကို လမ်းကြောင်းပေါ်သို့ ပြန်လည်ဆွဲတင်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။

ရှဲ့ကျစ်ဝေ့က သူ့ရဲ့ ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ပြီး ပြန်ပြင်ပြောလိုက်သည်။ "သူတို့ မကြာခင် ရှာတွေ့ပါစေလို့ မျှော်လင့်ရတာပဲ။"  'ဟီးဟီး၊ ဇာတ်လိုက်လှုပ်ရှားပြီဆိုရင် ဘယ်တော့မှ မအောင်မြင်ဘူးဆိုတာ မရှိဘူးကွ။'

မုဟဲသည် သူ့အစာဝါးနေစဉ် ပါးပြင်များ ဖောင်းကားလာသော်လည်း ရှဲ့ကျစ်ဝေ့အား ပြန်နှစ်သိမ့်လိုက်သည်။ "ရှစ်စွမ်းရဲ့ ဆုတောင်းနဲ့ဆိုရင် သေချာပေါက် ရှာတွေ့မှာပါ။"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now