Ch.(115) ရုတ်တရက်တိုက်ချက်/ ႐ုတ္တရက္တိုက္ခ်က္

1.7K 303 4
                                    

Unicode

ဒီဇာတ်ကွက်ရဲ့ အခက်အခဲLvက မိုးလောက်ကြီးပဲ!

ရန်သူတွေဆို အမြဲတမ်းတွေ့စမြဲပါပဲ။

'အချိန်တွေအများကြီးထဲကမှ ဒီအချိန်ဖြစ်ရတယ်လို့…' ရှဲ့ကျစ်ဝေ့သည် နွေဦးလေပြေကဲ့သို့ အ​ကြည့်တစ်ချက်နှင့် ပြန်ကြည့်လာသော မုဟဲကို ကြည့်လိုက်သည်။ သူသည် ဤပဋိပက္ခ၏ ဗဟိုမှတ်ဖြစ်သည်မှာ သိသာထင်ရှားသော်လည်း အရာအားလုံးနဲ့မသက်ဆိုင်သော အပြင်လူတစ်ယောက်လို ပြုမူနေသည်။ ချုကျစ်ရှစ်သည် လေကဲ့သို့မြန်ကာ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်လာသည်။ ရှဲ့ကျစ်ဝေ့ စကားမပြောရခင်မှာပဲ သူပြောပြီးနေပြီပင်။

"အာ့ရှစ်ရှုန်း ဟိုမှာထိုင်ပြီး အနားယူနေသင့်တယ်"

ရှဲ့ကျစ်ဝေ့သည် သဘာဝအတိုင်း နားမထောင်ဘဲ မတုန်လှုပ်ပေ။ “စိတ်လိုက်မာန်ပါမလုပ်နဲ့”

"ကျွန်တော်က စိတ်လိုက်မာန်ပါ?" ချုကျစ်ရှစ် ပေါက်ကွဲသွားပြီး အသံထွက်လာသည်။ “ကျွန်တော်သာ စိတ်လိုက်မာန်ပါလုပ်တတ်ရင် တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး ထောင်ထဲမှာ သတ်သေလိုက်မှာကြာပြီ။ ဒီလူယုတ်မာကို ကျွန်တော့်ကို ဒီအချိန်ထိ အနိုင်ကျင့်ခွင့်ပေးထားရမှာလား? သူမထိန်းနိုင်ဘဲ ကောကို ဒုက္ခပေးမှာကို စိုးရိမ်ခဲ့တာ၊ ဒါပေမယ့် သူရောက်လာတာတောင် ကျွန်တော်က ဘာမှမလုပ်နိုင်ဘူးတဲ့လား!"

သူသည် ကြီးကျယ်ခမ်းနားသော ကောင်းကင်နေမြို့၏ မြို့သခင်ဖြစ်သော်လည်း အမှန်တကယ်တွင် နှစ်ကြိမ်တိုင်တိုင် အဖမ်းခံခဲ့ရသည်။ ပထမအကြိမ်တွင် သူ့လက်မောင်းကျိုးပြီး ဒုတိယအကြိမ်မှာ အသက်ဆုံးရှုံးလုနီးနီးပါပဲ။ စိတ်သဘောထားကြီးမြတ်လှရင်တောင် ဒါကိုတော့ သည်းမခံနိုင်ပေ။ ဤသည်မှာ စကားလုံးသက်သက်ဖြင့် ရှင်းလင်းနိုင်သည့် ကိစ္စမဟုတ်ပါ။

ချုကျစ်ရှစ်၏လက်သည် မသက်သာသေးသော်လည်း သူမစောင့်နိုင်တော့။ သူသည် မိုးကြိုးဓားကို လက်ထဲသို့ ဆင့်ခေါ်လိုက်တော့သည်။ လေးလံသော ဓားတစ်လက်အနေဖြင့် သူ့လက်ချောင်းများပေါ်တွင် အလေးချိန်ရှိသည်။

Too Bad Master Died Early [Mm translation] {Completed}Onde as histórias ganham vida. Descobre agora