Ch. (2) မုဟဲ

11.9K 1.3K 46
                                    

ငါ့ရဲ့ချစ်လှစွာသော အမှောင်ဖုံးနေတဲ့ဇာတ်လိုက်လေး၊ မင်းကိုငါဘယ်လိုကယ်တင်ရပါ့?

Unicode

တကယ်တော့ မုဟဲ မှာလည်း ခက်ခဲပါတယ်။ သူ့အမေမှာ ပြဇာတ်အဆိုတော် တစ်ဦးအဖြစ် အယောင်ဆောင်ထားသော ​နတ်ဆိုးကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူမရဲ့စိတ်ထဲတွင် မာရီဆူးစတိုင် အချစ်ဇာတ်လမ်းနှင့် စိတ်ကူးယဉ်ဆန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့အတွက်ကြောင့် မုဟဲသည် အပြစ်ကင်းစင်သူအဖြစ် ကြီးပြင်းလာခဲ့ပြီး ကမ္ဘာကြီးသည် လှပသောနေရာတစ်ခုဟု ထင်မြင်လာခဲ့သည်။

နောက်ပိုင်းတွင် မကောင်းတဲ့သူတစ်ယောက်က သူ့အမေပေါ် စိတ်ဝင်စားလာပြီး သူမကို သူ့haremထဲသို့ ထည့်ချင်ခဲ့သည်။ သူမ၏ ကျင့်ကြံရေးစွမ်းရည်တွေ ပျောက်ဆုံးနေသည်မှာ အတန်ကြာပြီဖြစ်လို့ သူ့ကို ခုခံရန် နည်းလမ်း မရှိပေ။ သူမသည် သူမသားကိုတောင် လိမ်ညာပြီး အတတ်ပညာတစ်ခုခုကို သင်ယူဖို့ ယုကျင်းမ​သေမျိုးဂိုဏ်းကို သွားခိုင်းပြီး သူရဲကောင်းတစ်ယောက် ဖြစ်လာရန်တောင်းဆိုခဲ့သည်။ သူထွက်​​ပြေးသွားသည်​နှင့်​ သူမကိုယ်​တိုင်​ ကြိုးဆွဲချလိုက်​တော့သည်​။

မုဟဲ ဘယ်သူဘယ်ဝါဆိုတာကို သက်သေပြနိုင်တဲ့ တစ်ခုတည်းသော ပစ္စည်းမှာ သူ၏ လျှို့ဝှက်ဆန်းကြယ်သော အမည်မသိမျိုးရိုး နှင့် ကျောက်စိမ်းဆွဲသီးတို့ ပဲဖြစ်သည်။ ကျောက်စိမ်းသည် တော်ဝင်မျိုးနွယ်မှဖြစ်ပြီး မုဟဲအား ဂုဏ်သိက္ခာရှိစေပေမယ့် တာဝန်မသိတတ်တဲ့ အဖေတစ်ယောက်ရှိလေသည်။ သူ့မိဘတွေကယုံကြည်စိတ်ချလို့မရတဲ့အတွက် သူ့ရဲ့ပထမဘဝရဲ့ကြေကွဲဖွယ်အဖြစ်ဆိုးကို တိုက်ရိုက်ခံစားခဲ့ရလေ၏။

စိတ်ကူးယဉ်ဆန်​စေရန်၊ Gallant Outlaw သည် လီပိုင်၏ကဗျာများထဲမှ စာကြောင်းတစ်ကြောင်းကို သူ၏စာအုပ်ထဲတွင် ရေးထားခဲ့သည်- "ကောင်းကင်ဘုံရှိ ကျောက်စိမ်းမြို့တော်/မျှော်စင်ဆယ့်နှစ်ထပ်နှင့် မြို့ငါးမြို့တည်း..။" ကောင်းကင်အောက်ရှိ နံပါတ်တစ် တာအိုဂိုဏ်းကို "ကျောက်စိမ်းမြို့တော်" ယွီကျင်းကို အစွဲပြု၍ ခေတ်သစ်ကမ္ဘာရှိ အစိုးရအဖွဲ့အစည်းများကဲ့သို့ "မြို့ငါးမြို့" အဖြစ် ခွဲခြားထားသည်။ အခြားတစ်ဖက်တွင်မူ မျှော်စင်ဆယ့်နှစ်ခုသည် ထောက်ပံ့ပို့ဆောင်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများအတွက် တာဝန်ရှိသည်။ သူတို့ရဲ့အလုပ်တွေက ခက်ခဲကြမ်းတမ်းတဲ့အတွက် ဇာတ်လမ်းထဲမှာ ဖော်ပြခဲလှသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now