Ch.(121) ရုပ်ဖျက်ပညာ

1.4K 244 3
                                    

Unicode

ရှဲ့ကျစ်ဝေ့ရဲ့ သရုပ်ဆောင်အခြေခံမူ

(စောစောက နည်းနည်းပဲပါလာလို့ ပြန်တင်လိုက်ပါတယ်)

ရှဲ့ကျစ်ဝေ့ ခြေထောက်ကို​ဆောင့်လိုက်သည့်အတွက် စားပွဲကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေကာ လက်ဖက်ရည်ပန်းကန်လုံး စောင်းသွားပြီး လက်ဖက်ရည်ပူပူနွေးနွေးငွေ့များက မျက်နှာတစ်ခုလုံး ရွှဲနစ်သွား​တော့သည်။ စကားပြောသူများသည် ရှဲ့ကျစ်ဝေ့ဆီသို့ စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်ရင်း စကားဝိုင်းများ ခဏရပ်သွားသည်။ ရှဲ့ကျစ်ဝေ့က "တောင်းပန်ပါတယ်အာ" ဟုပြောနေစဉ် စားပွဲထိုးတစ်ဦးက သန့်ရှင်းပေးရန် ရောက်လာခဲ့သည်။

အနည်းငယ် ပွတ်ဆွဲပြီးနောက် စားပွဲထိုးက သူ့ကို စိတ်ဝင်တစား စိုက်ကြည့်သည်။ "ဒီလိုအေးတဲ့နေ့မှာ ရာသီဥတုကို မကြောက်ဘူးလား? မင်းရဲ့အဝတ်အစားတွေက ပါးလွန်းတယ်၊ မျက်နှာပဲ ဖုံးထားလို့မဖြစ်ဘူး"

တစ်စုံတစ်ယောက်က ရယ်လိုက်သည်။ “တုံးလိုက်တာ၊ အဲ့ဒါတာအိုဝတ်စုံကွ။ အဲ့လိုကျင့်ကြံသူတွေက အအေးဒဏ်ကို မကြောက်ပေမယ့် နိမ့်ကျနေဖို့ မျက်နှာဖုံးလေ့ရှိတယ်"

သိတဲ့သူတွေက ချက်ခြင်းမှတ်မိတသွားသည်။ “ဒီဝတ်ရုံက…ဒီမသေမျိုးတာအိုဂိုဏ်းက လာတာပဲ။ ဒါပေမယ့် အရောင်က.…”

"ရိုးရိုးကျီးကန်းမီးခိုးရောင်ပါ" ရှဲ့ကျစ်ဝေ့က သူ့အတွက် အဆုံးသတ်ပေးလိုက်သည်။ သူမြို့တော်တွင် တာအိုဝတ်ရုံကို ဝတ်ရဲခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ ဤအရောင်သည် ဂိုဏ်းတွင်း အဆင့်အနိမ့်ဆုံး တပည့်များအတွက် သီးသန့်ထားသောကြောင့် ဖြစ်သည်။ ပိုမြင့်တဲ့ အဆင့်အတန်းရှိတဲ့သူတွေသာဆို သူမတူတာကိုပြသဖို့ သူတို့ရဲ့အဝတ်အစားတွေကို အရောင်ပြောင်းလိမ့်မည်။

ရှဲ့ကျစ်ဝေ့သည် ရှည်လျားသွယ်လျသော ခန္ဓာကိုယ်ရှိပြီး တည့်တည့်မတ်နေသောကြောင့် သူသည် အထူးသဖြင့် မြို့လယ်ကောင်တွင် အလွန်သိမ်မွေ့နူးညံ့လှသည်။ သူသည် မြင့်မြတ်သော အသွင်အပြင် ဖြစ်သင့်သော်လည်း ဘယ်လိုအဆင့်မြင့်ပုဂ္ဂိုလ်မျိုးကများ အဆင့်အတန်းနိမ့်၀တ်စုံကို ၀တ်ဆင်မှာလဲ?

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now