Ch.(5) ဗီလိန်များ / ဗီလိန္မ်ား

7.9K 1K 61
                                    

Unicode

တုတ်တိုတို မလိုချင်တဲ့ဗီလိန်က သားမိုက်ပဲကွ။

အသံက အကျယ်ကြီးမဟုတ်သော်လည်း အခန်းထဲမှာရှိတဲ့လူတိုင်းသည် ကျင့်ကြံရေးအဆင့်မြင့်ကြသောကြောင့် အာရုံ၅ပါး အလွန်ကောင်းမွန်သည်။

ချူကျစ်ရှစ်က "အာ့ရှစ်ရှူန်း၊ ကောတပည့် နောက်ဆုံးတော့ နိုးလာပြီနဲ့တူတယ်။"

ရှဲ့ကျစ်ဝေ့ က ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာ အနည်းငယ်ရှိနေသည်။ 'ဟဲဟဲ၊ နောက်ဆုံးတော့ဆက် ဟန်မ​ဆေင်နိုင်တော့ဘူး​ပေါ့'

ရန်ကျစ်ဖေး သည် နှစ်များစွာကြာပြီးနောက် ရှဲ့ကျစ်ဝေ့ သည် နောက်ဆုံးတွင် တောင်ပေါ်မှ ထွက်ခွာရန် ဆန္ဒရှိနေသည့်အတွက် ပျော်ရွှင်နေပြီဖြစ်သည်။ သူက မုဟဲကိုပြောလိုက်သည်။ "မင်းက ငါတို့ဂိုဏ်းဝင်ဖြစ်ပြီး ကျစ်ဝေ့ရဲ့ နောက်လိုက်ဖြစ်တဲ့အတွက် မင်းနာမည်ပြောပြသင့်တယ်"

မုဟဲသည် ရှဲ့ကျစ်ဝေ့က သူ့အမည်ကိုပင် မသိသေးသော်လည်း သူ့(MH)ကို သူ(XZW)၏ တစ်ဦးတည်းသော တပည့်အဖြစ် လက်ခံထားဆဲဖြစ်သည်ကို သတိရသွားသည်။ သူခံစားချက်များဖြင့် လွှမ်းမိုးသွားသည်။ နီရဲသော မျက်လုံးများဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ "ကျွန့်တော့် နာမည်မုဟဲပါ။ အဖေက အစောကြီးဆုံးသွားလို့ အမေနဲ့ပဲ ကြီးပြင်းလာခဲ့တာပါ။ ကျွန်တော် သူမရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျင့်ကြံဖို့အတွက် ဂိုဏ်းထဲဝင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ အဲဒီဆန္ဒကို ဖြည့်ဆည်းပေးလိုက်နိုင်ပြီ၊ ကျေးဇူးတင်ပါတယ် ရှစ်ဇွမ်း၊ ကျေးဇူးတင်ပါတယ် ရှစ်ရှူတို့။"

ရှဲ့ကျစ်ဝေ့ အပါအဝင် လက်ရှိရှိနေသူအားလုံး၏ စာနာမှုကို ရရှိစေရန် မုဟဲသည် မျက်ရည်ကျသောအသံနှင့် ပေါင်းစပ်ကာ မြေပြင်ပေါ်တွင် ထပ်ခါတလဲလဲ ဂါဝရပြုနေသည်။ မုဟဲကို ရှဲ့ကျစ်ဝေ့ မှ ပိုင်ကျန့်ကျူး ထံအပ်နှင်းပြီးနောက် ပိုင်ကျန့်ကျူးနှင့် ပိုင်ယွီ တို့သည် ကျောက်စိမ်းဆွဲသီး​ မျက်နှာကြောင့် သူ့(MH)အပေါ် အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသည်ဟု မူရင်းစာအုပ်တွင် ဖော်ပြထားသည်။ ဘယ်ကြောင့်ဆိုသော် သူ၏ဆွဲသီး ၏ ဇစ်မြစ်ကို စူးစမ်းလိုသောကြောင့် ဖြစ်သည်။ သို့သော်၊ သူတို့၏ဦးစားပေး ဆက်ဆံမှုသည် အခြားတပည့်များ၏ မနာလိုမှုကို နှိုးဆွခဲ့သည်။ အာဏာရှိသူတွေဟာ မုဟဲရဲ့ နောက်ခံသမိုင်းကြောင်းကို စုံစမ်းဖို့ လူတွေကိုတောင် စေလွှတ်ခဲ့ပြီး သူ့အမေဟာ တရုတ်အော်ပရာအဆိုတော်တစ်ဦးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့နောက် ယင်းကိုအကြောင်းပြု၍ ထိုသို့သော စက်ဆုပ်ဖွယ် လက္ခဏာများကို ကဲ့ရဲ့လှောင်ပြောင်ခဲ့ကြသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now