Ch.(98) ပူးပေါင်းကြံစည်မှု/ ပူးေပါင္းႀကံစည္မႈ

2.1K 385 8
                                    

Unicode

ငါ့ကို နာကျင်စေတဲ့သူတိုင်း ဆိုးရွားတဲ့သေခြင်းဆီ ရောက်ရလိမ့်မယ်။ မဟုတ်ရင် ဒီမင်းသား ဆိုးရွားစွာ သေရပါစေ

(ရို့ရို့ ပြန်လာပါပြီလို့၊ လွမ်းနေကြပြီလား~)

ရှဲ့ကျစ်ဝေ့ ကုတင်ပေါ်တွင် တစ်ရက်နှင့်တစ်ည အိပ်ပျော်သွားခဲ့သည်။

ပြန်လည်မွေးဖွားလာချိန်မှစ၍ သူသည် ဇာတ်လိုက်အတွက် ပုန်းအောင်းကာ တိုက်ပွဲဝင်ရန်အတွက်ပဲ သေလောက်အောင်စိုးရိမ်ခဲ့ပြီး အတင်းကပ်နေသော ဇာတ်လိုက်ကို ရှင်းကာ ချူကျစ်ရှစ်ကို ကယ်တင်ရန်ပင် ပင်ပန်းနေခဲ့သည်။ လွယ်ကူသောနေ့တစ်နေ့မှ မရှိခဲ့ပါ။ ဘာအာရုံမှမရတော့ဘဲ အိပ်ပျော်သွားခဲ့တာ သုံးရက်မြောက်သောနေ့မနက်မှ နိုးလာခဲ့သည်။ သူ ကုတင်ပေါ်ထိုင်သောအခါ သူ့နှုတ်ခမ်းပေါ်ရှိ ဆေးဖက်ဝင်အပင်များ၏ အရသာကိုပင်ခံစားမိသည်— ဖြစ်နိုင်သည်မှာ သူသတိလစ်နေချိန်တွင် မုဟဲ တိုက်သောဆေးဖြစ်သည်။

ရှဲ့ကျစ်ဝေ့ မလိုလားအပ်တဲ့ အတွေးတစ်ခုရခဲ့သည်- 'သူ...ငါ့ကို ပါးစပ်နဲ့တိုက်တာတော့ မဟုတ်ဘူးမလား?'

​နောက်​တစ်ခဏတွင် သူ့အ​တွေးများ ရှင်းလင်း​စေရန်​ နားရွက်​ကို ​ခါလိုက်​သည်​။ 'ဘာပေါက်ကရတွေလဲ? ဘာမှတောင်မဖြစ်သေးဘူး၊ အဲ့ပုန်ကန်တတ်တဲ့ တပည့်ကြောင့် စိတ်ဒဏ်ရာရပြီး ကိုယ့်ကိုကိုယ် ဦးနှောက်ဆေးမိသွားတာလား!?'

အမှန်အတိုင်းပြောရရင် အခုချိန်မှာတော့ သူတော်တော်လေး စိတ်မကောင်းဖြစ်မိသည်။ ထိုညက ဇာတ်လိုက်၏ ကြေကွဲဖွယ်ဖြစ်ရပ်အကြောင်း ပြောပြသည်ကို ကြားပြီးနောက်၊ သူသည် အလွန်အိပ်ငိုက်နေသောကြောင့် သတိမထားမိလိုက်ဘဲ စိတ်နှလုံး ပျော့ပျောင်းသွားကာ လူငယ်ကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ခဲ့သည်။ ဒါပေမယ့် တကယ်တမ်းပြောရရင် ဇာတ်လိုက်က အရမ်းသနားစရာကောင်းပါတယ်။

သို့တိုင်၊ မည်းမှောင်နေသော ဇာတ်လိုက်တိုင်းတွင် သူတို့အတိတ်က ကြေကွဲဖွယ်ရာ ဖြစ်ရပ်ပေါင်း ရာချီရှိခဲ့ကြသည်။ သူ့နှလုံးသားအတွက် သနားဖို့ကောင်းလွန်းသည်ပင်။ ရှဲ့ကျစ်ဝေ့သည် သူ၏ ဝိညာဉ်စွမ်းအင်ကို မြှင့်တင်လိုက်ပြီး အလွန်ကောင်းမွန်လာကြောင်း တွေ့ရှိခဲ့သည်။ အခန်းက လွတ်နေပြီး မီးလင်းနေပေမယ့် မုဟဲကတော့ အထဲမှာ မရှိ။ မဟုတ်ရင် သူထွက်ပြေးနိုင်မည် မဟုတ်သောကြောင့် ဒီအခြေအနေသည် သူ၏အကြံနှင့် လုံးဝကိုက်ညီသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now