Ch.(94) ပြန်ရောက်ရှိ / ျပန္ေရာက္ရွိ

2K 398 6
                                    

Unicode

"ဇာတ်လိုက်ကွေးသွားလို့ တော်သေးတယ်"



ချင်းဖျင်ဓားကိုကိုင်ဆောင်လျက် ရှဲ့ကျစ်ဝေ့ မြို့တော်သို့ အမြန်ပြန်သွားခဲ့သည်။ ဒါပေမယ့် ဓားပေါ်မှခုန်ချပြီး ဘာလုပ်ရမှန်း မသိတော့။ တော်ဝင်နန်းတော်တစ်ခုလုံးကလည်း ကင်းလှည့်နေကြသည်။ ဝင်းတံတိုင်းများကို လှည့်ပတ်ကြည့်သောအခါ ကောင်းကင်တွင် အကဲခတ်နေသော အရိပ်အစောင့်များစွာကို မြင်နေရဆဲဖြစ်ပြီး နေရာကို လေလုံအောင်ပြုလုပ်ထားသည်။

နောက်ဆုံးအကြိမ် အိမ်ယာမှထွက်ပြေးခြင်းသည် မြက်ခင်းပြင်မှ မြွေကို ထိတ်လန့်သွားစေပုံရသည်။ တစ်ချိန်တည်းမှာပင် ကိုးပြည်ထောင် ​ဘုရင်သည် သူတို့နောက်လိုက်၍ တာအို​​ဂိုဏ်းတန်ပြန် မတိုက်ခိုက်နိုင်အောင် တားဆီးခဲ့သည်။ အမြင်ကျဉ်းတဲ့သူရဲ့ နှလုံးသားက လူကြီးလူကောင်းတစ်ယောက်ရဲ့ ရည်ရွယ်ချက်ကို သံသယဝင်နေပါလား? သူ ပြန်လှည့်လာရင်တောင် ဘယ်သူကိုမှ ထိခိုက်အောင်လုပ်ဖို့မရည်ရွယ်ပေ။ ရှဲ့ကျစ်ဝေ့သည် သူ့မျက်လုံးများကို လှိမ့်လိုက်ပြီး နံရံတစ်ခု၏ အရိပ်နောက်သို့ဝင်လိုက်ရာ သူ၏တွန်မီးခိုးရောင်၀တ်စုံက ညအရောင်နှင့် ရောယှက်နေသည်။ ကိုးပြည်ထောင်ဘုရင်သည် ရုပ်ဆင်းသဏ္ဍာန်နှင့် ပတ်သက်၍ အလွန်အရေးထားတာကြောင့် သူ၏အိမ်တော်ကို မြို့တော်၏ အချမ်းသာဆုံးအရပ်၌ ဆောက်လုပ်ခဲ့သည်။ သို့သော် သူသည် သူမတူသော မြင့်မြတ်မှုကို ပြသလိုသောကြောင့် သူနေထိုင်ရာ၏ အလယ်ဗဟိုကို ဖြတ်၍ လူလုပ်မြစ်တစ်စင်း ပြုလုပ်ထားသည်။ ဒီအချိန်တွင် လမ်းမီးတိုင်များကို လင်းထိန်နေသော ကြယ်များအောက်တွင် ထွန်းညှိထားကာ အတော်လေး အသက်ဝင်နေပုံရသည်။ သူတို့သည် ဘုရင့်အိမ်တော်အား လင်းထိန်စေပြီး မြစ်ရေကို မြူဆိုင်းထားကာ နတ်သမီးနယ်မြေတစ်ခုနှင့် ဆင်တူလှသည်။

အရာအားလုံးသည် ဝတ္ထုပါဖော်ပြချက်နှင့် ကိုက်ညီလှသည်။ ရှဲ့ကျစ်ဝေ့သည် ဤအရာကြောင့် ဘုရင့်စံအိမ်တော်ကို စွဲလန်းခဲ့သော်လည်း ယခုအခါတွင် သူသည် ရှုခင်းများကို တန်ဖိုးထားလိုစိတ်မရှိပေ။ ခိုးဝင်ရန်နည်းလမ်းရှိရမည်။ သို့သော် တိုးမြှင့်ထားသော အစောင့်များ၏ကျေးဇူးကြောင့် တော်ဝင်မင်းသား၏ခြံဝင်းကို ဝင်ဖို့မပြောနှင့်၊ ပတ်၀န်းကျင်ကိုပင် အတိအကျစောင့်ကြည့်နေရသည်။ အိမ်ယာ၏ အလယ်ဗဟိုမှ ကောင်းကင်ကို လေ့လာကြည့်သော်လည်း အဆောက်အအုံအလွှာများကို မမြင်နိုင်ပေ။ ကြောင်တစ်ကောင်က သူ့နှလုံးသားကို ကုတ်ခြစ်နေသလို ခံစားရသည်—ဇာတ်လိုက်ကို လစ်လျုရှုမယ်လို့ ကတိပြုထားပေမယ့် သူ့လုပ်ရပ်တွေက အခုတော့ မျက်နှာဖြတ်ရိုက်လိုက်သလိုပါပဲ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now