Ch.(124) စုံစမ်းမေးမြန်း / စုံစမ်းမေးမြန်း

1.3K 270 3
                                    

Unicode

သူသေသွားလို့ ရှဲ့အကြီးအကဲသာ သူ့အတွက်မျက်ရည်တစ်စက်ကျရင် ဘာမဆိုစွန့်လွှတ်ဖို့ ဝန်မလေးဘူးတဲ့။

သူပြီးသွားတဲ့အခါ ချုကျစ်ရှစ်က "အာ့ရှစ်ရှုန်း သူ့ကိုခိုင်းလိုက်တာလား?"

"ရုတ်တရက်ကြီးဖြစ်သွားတော့ မပေါက်ကွဲခင် ငါလည်းသူတွန်းတာ ခံလိုက်ရတာ... ဘယ်လိုလုပ်ခိုင်းနိုင်မှာလဲ?" ရှဲ့ကျစ်ဝေ့ အံ့သြသွားတော့သည်။ ခေါင်းငုံ့ကာ စဉ်းစားရင်း နားလည်လာခဲ့သည်။

မုဟဲသည် အစစအရာရာတွင် ထက်မြက်လှပြီး သူ့ပတ်ဝန်းကျင်ကို ကောင်းစွာ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသည်။ ပတ်ဝန်းကျင်၏ သိမ်မွေ့သော ပြောင်းလဲမှုများကြောင့် လျင်မြန်စွာ တုံ့ပြန်နိုင်သည်။ သူ၏တောက်ပသော အမှတ်အသားများကို ဖုံးကွယ်ထားကာ သူ၏ဆရာရှေ့တွင်တော့ လှည့်ကွက်လေးများသာ ပြခဲ့သည်။ ပြင်ပလူများအတွက်တော့ သူသည် နတ်ဆိုးတစ်ကောင်ဖြစ်သော်လည်း ရှဲ့ကျစ်ဝေ့အတွက်မူ ထက်မြက်လွန်းသော ကလေးတစ်ယောက်သာဖြစ်သည်။

ချုကျစ်ရှစ်သည် ထိုအချိန်က သနှင့်မုဟဲနှင့် အနီးဆုံးလူဖြစ်သည်။ ချုကျစ်ရှစ်က သူ၏ဓားမှာ အလွန်လေးလံသောကြောင့် ပင်ပန်းနွမ်းနယ်ကာ လက်တုန်နေသည်ဟု ထင်ခဲ့သော်လည်း မုဟဲသည် ပုံမှန်မဟုတ်သောချီကို သတိပြုမိကာ နောက်ကွယ်မှ ချုပ်ကိုင်သူနှင့်ပင် ချိတ်ဆက်နိုင်ခဲ့သည်- ချုကျစ်ရှစ်လည်း အရူးမဟုတ်တာကြောင့် နောက်ကွယ်မှလူက သေချာပေါက်လက်စဖျောက်ဖို့ ကြိုးစားပေမည်။

ဒါပေမယ့် သူဖြစ်ချင်တဲ့အတိုင်း လုပ်ခွင့်မပေးနိုင်ပါဘူး။

မုဟဲချက်ချင်းပဲ ဆုံးဖြတ်ချက်ချခဲ့သည်။ စိတ်စေတနာနဲ့ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ သူ့လုပ်ရပ်များက သူကိုယ်တိုင်နှင့် ချုကျစ်ရှစ်တို့ကို ကယ်တင်ပေးခဲ့သည်။

ချုကျစ်ရှစ်က ရှဲ့ကျစ်ဝေ့ကို စိုက်ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။ “တစ်စက္ကန့်လောက်ကောင်းပြီး ခဏနေတော့ မကောင်းတော့ပြန်ဘူး။ ပထမတော့ သူကျွန်တော့်ကို သတ်ပစ်မယ်လို့အော်​ပြီး အခုတော့ ကြုံရာကျပန်း အကြင်နာတရားတွေ လာပြနေတယ်။ ကောရဲ့တပည့်ကိုတော့ ကျွန်တော်နားမလည်နိုင်တော့ဘူး။ သူက အရမ်းပြောင်းလဲလွယ်တယ်။ အရင်ကရောအခုရော သူ့ကိုထိန်းချုပ်နိုင်တာ ကောတစ်ယောက်ထဲပဲရှိတယ်”

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now