Ch.(123) ဆွေးနွေးပွဲ / ေဆြးႏြေးပြဲ

1.4K 272 6
                                    

Unicode

မုဟဲရဲ့မျက်လုံးတွေက တောက်ပနေပြီး အပြုံးလေးနဲ့ကြည့်နေတယ်။

တမင်ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ Gallant Outlaw ၏လေသံသည် တိုးလျ၊ နက်နဲပြီး သူ့စကားလုံးတိုင်းက ရှဲ့ကျစ်ဝေ့ကို ထိတ်လန့်စေသည်။ “အဲဒါပုံကြီးချဲ့တာ မဟုတ်ဘူးမလား….ငါ့အသက်ကို စွန့်လွှတ်ပစ်ရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ?”

Gallant Outlaw သူ့ကို ဖြည်းညှင်းစွာ ဆင်ခြင်ပြသည်။ "Idol၊ မင်းဒါကို ခွဲခြမ်းစိတ်ဖြာနေဖို့ မလိုဘူး မလား? အခြေအနေဘယ်လိုဖြစ်နေလဲဆိုတာ ကျွန်တော့်ထက် မင်းပိုသိသင့်တယ်။ တကယ်လို့ စနစ်သာမပါဝင်လာရင် ဇာတ်လိုက်က ယင်စန်းရှန်းကို အခုအခြေအနေနဲ့ အနိုင်ယူနိုင်ပါ့မလား?"

ရှဲ့ကျစ်ဝေ့၏ အသံမှာ တုန်လှုပ်သွားသည်။ “ငါမေးတော့မလို့ပဲ။ ယင်စန်းရှန်းက ဘယ်လိုမှော်အစီအရင်မျိုး သုံးနေတာလဲ? မုဟဲခန္ဓာကိုယ်က ကြာပန်းသုံးပါးလုံးကို သန့်စင်ပေးနေတာလို့တော့ ပြောတာပဲ"

ဤတစ်ကြိမ်တွင်၊ Gallant Outlawမှာ နှုတ်ဆိတ်သွားခဲ့သည်။

ရှဲ့ကျစ်ဝေ့၏ နှလုံးသားသည် ကောင်းကင်တွင် တွဲလောင်းကျလုနီးပါး ဖြစ်နေသည်။ "မင်းပြောစမ်းအာ!"

"Idol ကျွန်တော် အမှန်အတိုင်းပြောနေတာ.…မင်းဒီလောက်ထိ အရဲစွန့်ဖို့မလိုပါဘူး၊ လက်လျှော့လိုက်ပါ"

"လက်လျှော့ရမယ်?" 'လိပဲ! လောင်ဇီဘယ်လောက် ကြိုးစားနေလဲ မင်းမမြင်ဘူးလား? ဇာတ်ကွက်က ပြီးခါနီးနေပြီကို မင်းကလက်လျှော့ဖို့ လာပြောနေတာလား? ငါပထမဆုံးပြောင်းလာထဲက ဘာလို့မပြောလိုက်တာလဲ?'

ရှဲ့ကျစ်ဝေ့ သူ့ဒေါသကို ထိန်းလိုက်ပြီး "သူ့ကိုကယ်လို့ရသေးလား အရင်ပြော" လို့မေးလိုက်သည်။

Gallant Outlaw သည် သူ့ခေါင်းနောက်ကို ကုတ်လိုက်ကာ လမ်းပျောက်သွားသည်။ "ကျွန်တော် စစချင်း ဆက်တင်တွေချရေးတုန်းက ယင်စန်းရှန်းမှာ ဒီလိုသန့်စင်တဲ့ မှော်အစီအရင်တွေရှိခဲ့တယ်။ အဲ့ဒါကတော်ဝင်နန်းတော် ဇာတ်ကွက်မှာ ဇာတ်လိုက်ကို ရက်အနည်းငယ်လောက် ထောင်ချောက်ဆင်ဖို့ ထားထားပြီး သူ့ရဲ့စွမ်းအားတက်လမ်းကြောင်းမှာ သေးငယ်တဲ့ အတားအဆီးတစ်ခုအဖြစ်ပဲ မှတ်ထားတာ။ အဲ့အစီအရင်က တခြားကမ္ဘာရဲ့ရန်လိုချီက​နေ လုပ်ထားပြီး လူတစ်ယောက်ရဲ့ နတ်အသိဉာဏ်ကနေ လက်နက်တွေကို အတင်းဆွဲထုတ်လို့ရတယ်။ ဥပမာအနေနဲ့ မင်းရဲ့ချင်းဖျင်ဓား၊ ဒါမှမဟုတ် ရန်ကျစ်ဖေးရဲ့ ထိုက်ဆုဓားကနေ အဲဒီကြာပန်းတွေလည်းပါတယ်။ ဒါပေမယ့် တော်ဝင်နန်းတော်ဇာတ်ကွက်မှာတုန်းက ဘယ်သူမှအဲ့အကြောင်း မဖတ်ချင်ဘူးလို့ထင်လို့ အဲဒီအပိုင်းကို ဖြတ်လိုက်တာ”

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now