Ch.(136) Extra I

3K 367 3
                                    

Unicode

"အခုကစပြီး မင်းကငါ့ကမ္ဘာကြီးပဲ"

နှစ်ယောက်သားက တိမ်ပင်လယ်ကြီးရဲ့ ထိပ်ပေါ်မှာပွေ့ဖက်နေကြပြီး တောက်ပနေတဲ့ ရွှေရောင်အလင်းတန်းတွေက ဝိုင်းရံထားကြသည်။

“တစ်ရက်တာ ဆရာကလည်း တစ်သက်တာ ဆရာပါပဲ.…” မုဟဲသည် ရှဲ့ကျစ်ဝေ့မျက်နှာကို လောဘကြီးစွာ ပွတ်သပ်ရင်း သူ့မျက်လုံးမှ စိုစွတ်သော မျက်ရည်များ နောက်ဆုံးတွင် စီးကျလာခဲ့သည်။ "ကျေးဇူးတင်ပါတယ် ရှစ်စွမ်း၊ တပည့်ကို ကောင်းကောင်းဆက်ဆံပေးတဲ့အတွက်။ ဒီတစ်ချိန်လုံး နားမလည်ခဲ့တာ တပည့်ပါပဲ”

"အတိတ်က မှန်တာမှားတာတွေ အားလုံးကို ထားခဲ့လိုက်ရအောင်" ရှဲ့ကျစ်ဝေ့က မျက်ရည်များကို လက်ချောင်းထိပ်များဖြင့် သဲကြီးမဲကြီး သုတ်ပေးလိုက်သည်။ "မင်းသိထားရမှာက အခုကစပြီး မင်းကငါ့ကမ္ဘာကြီးဆိုတာပဲ"

မုဟဲသူ့ကို မှင်တက်စွာ ကြည့်နေသည်။ "ကျွန်တော်ကရှစ်စွမ်းရဲ့ ကမ္ဘာကြီးတဲ့...ဒါအိပ်မက်များလား?" သူရုတ်တရက် ပွေ့ဖက်မှုကို တင်းကြပ်လိုက်ပြီး တုန်လှုပ်နေသောအသံဖြင့် “ဒါအိပ်မက်ပဲ ဖြစ်ရမယ်။ ကျေးဇူးပြုပြီး မြန်မြန်မနိုးလိုက်ပါနဲ့….ကျေးဇူးပြုပြီး မလုပ်ပါနဲ့"

၏ရှဲ့ကျစ်ဝေ့ ဦးခေါင်းမှာ မုဟဲနှင့် တင်းတင်းကြပ်ကြပ် ဖိမိနေသောကြောင့် သူမလှုပ်နိုင်ပေ။ အဆုံးတွင် သူသက်ပြင်းသာချကာ တစ်ဖက်သူ၏နားအား ကိုက်လိုက်၏။ ဒါဟာ သိပ်မနာကျင်ပေမယ့် နွေးထွေးမှုကတော့ တကယ့်ကို အစစ်အမှန်ပါပဲ။ မုဟဲက သူ့ကို ဓာတ်သွားလိုက်သလို လွှတ်ပေးလိုက်ပြီး ကိုက်လိုက်တဲ့ဒဏ်က သူ့မျက်နှာတစ်ခုလုံးကို နီရဲစေခဲ့သည်။ သူရှဲ့ကျစ်ဝေ့ကို ဘေးတိုက် ကြည့်လိုက်ကာ သူ့မျက်လုံးများက ရောင်ပြန်ဟပ်နေသော နေဝင်ချိန်မှ ကြည်လင်တောက်ပသော အလင်းရောင်များဖြင့် အလင်းပြန်နေလေသည်။

ရှဲ့ကျစ်ဝေ့က တိုးတိုးလေးပြောလိုက်သည်။ "ဒါအိပ်မက်မဟုတ်ဘူး။ ငါ့ကိုသေချာကြည့်..အွန်း…”

သူမပြီးခင်မှာပဲ မုဟဲကသူ့မျက်နှာကို အုပ်ကိုင်လိုက်ကာ သူ့နှုတ်ခမ်းသားကို တုန်လှုပ်စွာ နမ်းရှုံ့လိုက်တော့သည်။ သူ့မှာ နှစ်ကြိမ်တိုင်တိုင် “ဆုံးရှုံး” ခဲ့ရပြီး၊ ဒုတိယအကြိမ်ဆို ဖွင့်ပြောပြီးပြီးချင်းပါပဲ။ မုဟဲရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာပေမယ့်လည်း ပျော်ရွှင်ဖို့အချိန်တောင်မရှိခဲ့ဘဲ မီးကျွမ်းနေတဲ့အလောင်းကို လေးနှစ်ကြာအောင် ကာကွယ်ပေးခဲ့ရပေသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now