Ch.(61) အစားထိုး / အစားထိုး

2.3K 460 3
                                    

Unicode

မိန်းမတွေက ကိုင်တွယ်ရ အခက်ဆုံးပဲအာ...



အသံကြောင့် အံ့အားသင့်သွားကာ ချီယန်ရပ်နေသည့်နေရာကိုကြည့်ရန် ချုံးကျိုးယွင်က သူမပိုးထည်ကို လွှတ်ချလိုက်သည်။ ထန်ထိုက်မုံ့သည် ပို၍နီးကပ်ပြီး ဖြူဖျော့နေသော်လည်း သူမ၏ ကျောတစ်ခြမ်းက သွေးစွန်းနေတာကို ဘယ်သူမှအကြည့်တစ်ချက်နှင့် မမြင်ခဲ့ပေ။ သူမ မလှုပ်ရှားနိုင်သော်လည်း ပြင်းထန်သော အနံ့အသက်ကို ရှူရှိုက်ရင်း “ဘာဖြစ်တာလဲ” ဟု အလျင်စလို မေးလိုက်သည်။

ဘယ်သူမှပြန်မဖြေတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်။

ချီယန် ပျောက်ကွယ်သွားမှန်း သူမသိလိုက်သဖြင့် ချုံးကျိုးယွင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ မဟုတ်ပါဘူး၊ အတိအကျပြောရလျှင် သူသည် “ဒီမှာ” ရှိသေးသည်၊ သို့သော် သူ့ကိုယ်သူ ဖောက်ခွဲလိုက်ပြီးနောက် မြေကြီးပေါ်တွင် သွေးစွန်းနေသော အပိုင်းအစများသာ ကျန်ခဲ့သည်။ လူတစ်ဦးသည် သွေးစွန်းသည့်နောက်ကျောနှင့် သူမကိုကျောပေးကာ မတ်တပ်ရပ်နေပြီး သူ၏အစက်အပြောက်ကင်းသော ဘရိုကိတ်ဝတ်ရုံသည် အနည်းငယ်တောက်ပနေသည်။ သူ့ဦးခေါင်းထက်မှာ နွေဦးအစောပိုင်းမိုးလို ရွှဲရွှဲစိုနေတဲ့ ကြာနီက မျောနေသည်။ ၎င်း၏ ရောင်ရမ်းနေသော ပွင့်ချပ်များသည် ဖြည်းညှင်းစွာ ပိတ်သွားသည်။

"မဟုတ်ဘူး-" ချုံးကျိုးယွင်က သူ့ကိုတားဖို့ကြိုးစားရင်း အသံပျောက်သွားသည်။ ဒါပေမယ့် အသုံးမဝင်ပေ၊ ဘယ်ကမှန်းမသိထွက်လာတဲ့ သူစိမ်းတစ်ယောက်က ကြာနီကို ကောက်ကိုင်လိုက်တာကို သူမကိုကြည့်နေခဲ့သည်။

ရှဲ့ကျစ်ဝေ့သည် ချီယန်အတွက် ခဏလောက် တိတ်ဆိတ်ပေးလိုက်သည်။ မူရင်းဝတ္ထုသည် ထင်ရှားသော ဘော့စ်တစ်ယောက်အဖြစ် ရှိနေဆဲဖြစ်ပြီး သူရဲကောင်းနှင့် မတွေ့မချင်းပင် မချေမှုန်းနိုင်ပေ။ ဒါပေမယ့် သူတို့ဟာ ဇာတ်လမ်းဇာတ်ကြောင်းကနေ ကွဲလွဲနေတာကြောင့် အဖေကိုယ်တိုင်တောင်မှ သတိမမူမိတော့ပေ။ အဲ့တော့သူတကယ်... ချုံးကျိုးယွင်လို အသေးအဖွဲ့လက်ထဲမှာ သေဆုံးသွားခဲ့ပြီ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now