Ch.(135) မေးခွန်းတစ်ရာ / ေမးခြန္းတစ္ရာ

2.8K 269 10
                                    

Unicode

Gallant Outlaw- ကျွန်တော့်စာအုပ်အသစ်လည်း တော်တော်လေးပေါက်သွားပြီး စာဖတ်သူတွေ တော်တော်များများကလည်း ဆရာဖြစ်သူရဲ့ သူတပည့်ကိုကယ်တင်ဖို့ အသက်စွန့်အနစ်နာခံပုံတွေကြောင့် အလေးအနက် ရင်ထဲထိသွားကြတာမို့ ပင်မစနစ်က  ကျွန်တော့ဇာတ်ကောင်တွေရဲ့ မူလပုံစံတွေကို အင်တာဗျူးခိုင်းထားပါတယ်။ အဲ့တော့ Idolရှဲ့နဲ့ သူ့ရဲ့တပည့်မုဟဲကို စနစ်ဟောခန်းထဲကို နွေးထွေးစွာ ကြိုဆိုလိုက်ကြအောင်!

(လက်ခုပ်အောဘာများ)

ရှဲ့ကျစ်ဝေ့ (နှာရှုံ့) : ငါ့ကိုလာလှည့်မနေနဲ့။ ငါ့အဖြေတွေက ပေါ့ပျက်ပျက်ဖြစ်နေလို့ပင်မစနစ်က သတင်းနှိုက်လို့ရအောင် မင်းကိုပို့လိုက်တာပဲ ဖြစ်ရမယ်။ တပည့်၊ သွားမယ်လာ။

မုဟဲ : တပည့်လိုက်နာပါ့မယ်!

Gallant Outlaw- မလုပ်ပါနဲ့ မလုပ်ပါနဲ့။ Idolလည်း ဒါပင်မစနစ်ရဲ့ တောင်းဆိုမှုဆိုတာ သိတာပဲလေ၊ အဲ့တော့ဖြေလိုက်တာ ပိုမကောင်းဘူးလား? ဒီလိုမှမဟုတ်ရင်၊ စိတ်ပြောင်းပြီး မင်းတို့နောက်လိုက်နေအုံးမယ်။

ရှဲ့ကျစ်ဝေ့ : ...ချီးပဲ။ ပြီးတာပဲ၊ ဒါပေမယ့် ဒီလူတွေအားလုံးရှေ့မှာတော့ မဟုတ်ကဟုတ်ကမမေးနဲ့နော်။

Gallant Outlaw- အိုကေပါ။ ပထမဆုံး မေးခွန်းက နှစ်ယောက်လုံးရဲ့ ခံစားချက်နဲ့ ပတ်သက်တာပေါ့နော်။ Idol၊ မင်းဘယ်တုန်းကတည်းက...ဘော့စ်မုဟဲနဲ့ ပတ်သက်ပြီး အဲ့လိုအတွေးတွေ စတွေးလာတာလဲ?

ရှဲ့ကျစ်ဝေ့ (မျက်မှောင်ကြုတ်) : ဘာကြီး?

မုဟဲ (တိတ်ဆိတ်) : ရှစ်စွမ်း၊ တပည့်လည်း သိချင်တယ်...

Gallant Outlaw - ပြောလိုက်ပါတော့ Idolရယ်။ တပည့်မျက်လုံးထဲက မျှော်လင့်ချက်လေးတွေကို ကြည့်လိုက်စမ်းပါ။ မင်းဘယ်တုန်းကစပြီး သူ့အပေါ် ရင်ခုန်သွားတာလဲ?

ရှဲ့ကျစ်ဝေ့ : ဒါကနည်းနည်းတော့နက်နဲတယ်....တပည့်၊ ငါ့ကိုကြည့်မနေနဲ့၊ ဆရာလည်း မင်းနဲ့ငါဘယ်လို အဆုံးသတ်သွားမှန်းတောင် အခုထိ မသေချာသေးဘူး။

Gallant Outlaw- ​ကြိုးစားရင် ဖြောင့်လွန်းတဲ့ယောကျာ်းတွေတောင် စာရွက်ညှပ်တွေလို ကွေးသွားနိုင်ပါတယ်။ အဲဒါရေနွေးထဲ ဖားထည့်ပြုတ်တဲ့ အစွမ်းသတ္တိပဲ! အဲ့တော့Idol တစ်ခုခုမူမမှန်မှန်း ခံစားမိတာနဲ့ အာရုံရသွားတာလား? မင်းနှလုံးသားက မင်းတပည့်အတွက် ရင်ခုန်သွားတာကို ခံစားမိတဲ့နောက်မှာ မင်းစိတ်ထဲ ဘယ်လိုတွေးမိပါသလဲ?

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now