Ch.(6) အဆိပ်မိခြင်း / အဆိပ္မိျခင္း

6.8K 985 14
                                    

Unicode

အဆိပ်ဖြေဆေးလား? မလိုဘူး၊ ငါ့မှာ systemရှိတယ်ကွ!


ရှဲ့ကျစ်ဝေ့ အရမ်းကျေနပ်နပ်သွားသည်။ စနစ်ကသူ မပျော်ရွှင်သော အမူအရာလုပ်တုန်းက မတားဆီးခဲ့တာ အံ့သြစရာမရှိတော့ပါ။ ရှဲ့ကျစ်ဝေ့ နှင့် ပိုင်ကျန့်ကျူး သည် မြင်ရသလောက် သဟဇာတမဖြစ်ကြောင်း မုဟဲ ခံစားမိသည်။ 'ဒါပေမယ့် သူတို့က ဂိုဏ်းတူ ညီအကိုတွေပဲလေ။ သူသာ ပိုင်သားအဖ နဲ့ အငြင်းအခုံဖြစ်ရင် ရှဲ့ကျစ်ဝေ့ က သူတို့ဘက်ဘဲ ပါသွားနိုင်တယ်။'

ဒီအတွေးနဲ့ သူ့အင်္ကျီကို ဆွဲကိုင်လိုက်ပြီး "တပည့်မှားသွားပါတယ်။ ဒါပေမယ့် ပိုင်ရှစ်ရှုန်းက ပေါင်းရသင်းရ ခက်မဲ့ပုံပဲ။ ကျွန်တော် သူ့ကို မတော်တဆ စိတ်ကွက်အောင် လုပ်မိသွားရင် ဘယ်လိုလုပ်မလဲဟင်?"

ရှဲ့ကျစ်ဝေ့ ကဒါ ပြဿနာတစ်ခုလို့ ခံစားရတယ်။ ဇာတ်လိုက်သည် သူပြန်လည် မွေးဖွားပြီးနောက်တွင် ရက်စက်ကြမ်းကြုတ်ပြီး သူ့ကို ကူညီရန် ဆိုးရွားသောဝိညာဉ်တစ်ကောင်ပင် ရှိသေးသည်။ မူရင်းဝတ္ထုတွင် ပြန်လည်မွေးဖွားလာသော မုဟဲ သည် ပိုင်ကျန့်ကျူး ၏တပည့်ဖြစ်နေဆဲဖြစ်သောကြောင့် ပိုင်ကျန့်ကျူး သည် သူ(MH)ဖန်တီးသော ပြဿနာတိုင်းအတွက် အပြစ်ပုံချခံခဲ့ရသည်။ ထိုအချိန်တွင် ပိုင်ကျန့်ကျူး သည် သနားစရာကောင်းလှသည်။ တစ်ဖက်တွင်လည်း ရန်ကျစ်ဖေးရဲ့ ထိရောက်မှုမရှိသော စည်းကမ်းကြောင့် ပြစ်တင်ရှုတ်ချခြင်းခံခဲ့ရပြီး တစ်ဖက်တွင်မူ မုဟဲ၏ တိတ်တဆိတ် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည်။ မည်သူကို အပြစ်တင်ရမည်ကို မသိဘဲ ကူကယ်ရာမဲ့ ဖြစ်ခဲ့ရသည်။ အကယ်၍သာ ဇာတ်လိုက်သည် တရားမဲ့စွာ တစ်စုံတစ်ယောက်၏အသက်ကို နှုတ်ယူကာ သူ့အပေါ်ပုံချလိုက်ပါက...Gallant OutLaw သူ့အပေါ် ခွင့်လွှတ်ပါ့မလား။

သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်လာပြီး ရှဲ့ကျစ်ဝေ့ က "မင်းရဲ့ အတွေးတွေသာ ဖြူစင်ပြီး ကောင်းတဲ့ရည်ရွယ်ချက်ရှိရင် ဘယ်သူက မင်းအပေါ် အနိုင်ကျင့်ရဲမှာလဲ။ ပိုင်ရှစ်ကျီ ကဒေါသကြီးပေမယ့်လည်း အကျိုးအကြောင်းတော့ ချင့်ချိန်တတ်ပါတယ်။ စိုးရိမ်နေစရာမလိုပါဘူး။"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now