Ch.(59) ခိုးနားထောင်ခြင်း / ခိုးနားထောင်ခြင်း

2.4K 479 11
                                    

Unicode

ရှဲ့ကျစ်ဝေ့က သေနေပြီဆိုမှတော့ သူ့လက်ကို ဖြတ်လိုက်ရုံပဲပေါ့။

ထိုညတွင် ကျင်းကွမ်းဂိုဏ်းသည် ထူးခြားစွာ အသက်ဝင်သော်လည်း ရှဲ့ကျစ်ဝေ့နှင့် ဘာမှမဆိုင်ပါ။ စကားမပြောနိုင်ဘဲ ထွက်လာရင် ရှက်စရာကြီးမလား။ ဒါပေမယ့် သူ့အခန်းထဲမှာ အိပ်ဖို့က အရမ်းဆူညံနေသည်။

ချူကျစ်ရှစ်သည် ပွဲသို့သွားသော်လည်း သူ့တပည့်အချို့ကနောက်တွင် ကျန်ခဲ့သည်။ သူတို့သည် အသက်ကြီးသူများ၏ ချို့ယွင်းချက်များနှင့် ပတ်သက်၍ ပေါက်ပေါက်ဖောက်ခြင်းကို နှစ်သက်ကြသည်။ ဒီတစ်ခါတော့ သူတို့က အတင်းအဖျင်းပြောရင်း ဝါးဖို့ဖရဲစေ့ လက်တစ်ဆုပ်စာနဲ့ စင်္ကြံမှာထိုင်နေကြသည်။

ရှဲ့ကျစ်ဝေ့ သည်သူတို့ ဆေးမီးဖိုမြို့မှ အခါးသီးဆုံးနှင့် အကောင်းဆုံး အရသာခံဆေးများအကြောင်း ပြောဆိုသည်ကို နားထောင်ပြီးနောက် ကမ္ဘာမြေလမြို့၏ အလှများဆီသို့ ဆက်သွားခဲ့သည်ကို နားထောင်ခဲ့သည်။ ရှဲ့ကျစ်ဝေ့သည် ထိုအရာများကို စိတ်မဝင်စားဘဲ လောကီရေးရာများကို လုံးဝလစ်လျူရှုသော ကြည်လင်တဲ့ မသေမျိုးအကြီးအကဲ ဖြစ်ရန် ဆုံးဖြတ်ခဲ့သည်။ ဒါပေမယ့် သူတို့ရဲ့ နောက်အကြောင်းအရာက သူ့ကို နားစွင့်စေသည်။

ခွေးကောင်လေးများသည် အမှန်တကယ်ပင် ထိပ်သီးမြို့နှင့် လွန်ခဲ့သော လေးနှစ်က အဖြစ်အပျက်များကို ပြန်ဖော်လာသည်။

တပည့်တစ်ယောက်က “အခုတော့ ထိပ်သီးမြို့က လွတ်နေတယ်၊ ​အဲ့ပိုင်ယွီက ကောင်းကင်မြို့တော်ကို နေ့တိုင်းသွားပြီး ဂိုဏ်းခေါင်းဆောင်ရှစ်ရှုကို မြို့အရှင်ရာထူးအတွက် တောင်းဆိုနေတော့တာပဲ။ အရင်ဂိုဏ်းခေါင်းဆောင်ရဲ့မြေးကို လူတွေမေ့သွားမှာကို ကြောက်နေတာနေမှာ။"

အခြားတစ်ယောက်က ဖရဲသီးအစေ့ကို သူ့သွားများကြားမှ ကိုက်လိုက်ပြီး “တခြားဟာတွေကလွဲလို့ သူ့ရုပ်ရည်ပဲကောင်းတယ်။ မောက်မာရင်တောင် ကမ္ဘာမြေလက ရှစ်မေ့လေးတွေက သူ့ကို ဒုတိယတစ်ခေါက်လောက်တော့ လှည်ကြည့်ကြတုန်းပဲ။” သူ့လေသံက ရှာလကာရည်တွေ ပြည့်နှက်နေတာကြောင့် သူ့Crushတွေထဲက တစ်ယောက်က ပိုင်ယွီကို ကြိုက်နေတာဖြစ်နိုင်သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now