Ch.(11) နဉ့်ထင် / နဥ့္ထင္

5.3K 774 8
                                    

Unicode

ကိစ္စမရှိဘူး၊ မင်းရှိုးအတွက် ဘာဇာတ်ကွက်မှမယူရသေးဘူး

မုဟဲသည် ဤတစ်ကြိမ်တွင် တော်တော် အရိုက်ခံထားရသည်။ အရိုးတွေကတော့ မကျိုးမပဲ့ပေမယ့် သူ့ခန္ဓာကိုယ်ကတော့ သူ့မျက်နှာလို ဒဏ်ရာတွေနဲ့ ပြည့်နှက်နေသည်။ ဆေးမီးဖိုမြို့မှ တပည့်များသည် နောက်ဆုံးဘဝတွင် သူ့ကို အုပ်စုဖွဲ့အနိုင်ကျင့်ခဲ့ကြသော်လည်း လူရှေ့သူရှေ့တွင် ပြောင်ပြောင်တင်းတင်း မပြုမူခဲ့ပေ။  သို့တိုင် အရူးတစ်ယောက်အဖြစ် လှောင်ပြောင်ခံရတာနဲ့ ပွင့်လင်းစွာ အရိုက်ခံရတာက ပိုကောင်းပါတယ်။  ထို့အပြင် ရှဲ့ကျစ်ဝေ့ သည် သူ့ကို မလိမ်ညာရုံသာမက သူ့ကိုကာကွယ်ရန် ပိုင်သားအဖ ကိုလည်း ဆန့်ကျင်ခဲ့သေးသည်။  အတွေးကြောင့် မုဟဲ၏ နှလုံးသားသည် ရွှင်မြူးသွားသည်။  လောလောဆယ်မှာတော့ သူ့ရှစ်ဇွမ်းက ကုလားထိုင်ရှေ့မှာ ထိုင်နေပြီး လက်သစ် ၂ ယောက်က ရေဇလုံကို သယ်လာကာ စားပွဲကို သန့်ရှင်းရေးလုပ်နေကြသည်။

ရှဲ့ကျစ်ဝေ့က “အားယောင်၊ အားယွမ်၊ သွား အနားယူလို့ရပြီ။ ဒီမှာ ဘာမှလုပ်စရာ မရှိတော့ဘူး။"

လက်သစ်များသည် လေးလေးစားစား ဂါဝရပြုကာ ထွက်ခွာသွားကြသည်။ ရှဲ့ကျစ်ဝေ့ က သူတို့ကို ရည်ရွယ်ချက်ရှိရှိ မောင်းထုတ်လုပ်ကြောင်း မုဟဲ ခံစားမိသည်။  "ရှစ်ဇွမ်း ဒီတပည့်ကို ဘာများ ညွှန်ကြားချက် ပေးမလို့ပါလဲ?" လို့ မမေးခင် တံခါးပိတ်သွားတဲ့အထိ စောင့်ခဲ့သည်။  ထိုအချိန်တွင် သူထထိုင်ရန် ကြိုးစားသည်။

ရှဲ့ကျစ်ဝေ့ က ခပ်ပြုံးပြုံးဖြင့် သူ့ကို နောက်သို့ ပြန်ဖိလိုက်သည်။  "မဆိုးဘူးပဲ။"

သူ့ပခုံးတွေကို လက်ချောင်းတွေသာ ပွတ်တိုက်နေပေမယ့် မုဟဲက သူ့အရေပြားတွေ ပူလာတာကို ခံစားလိုက်ရတယ်။  အပြန်လမ်းတွင် သူသတိလစ်ခါနီး ဖြစ်နေပြီး ဓားပျံ ပျံသန်းချိန်တစ်လျှောက်လုံး ရှဲ့ကျစ်ဝေ့ က သူ့ကို ပွေ့ဖက်ထားကြောင်း သတိရသွားသည်။  သူ့ကို ထိမိတဲ့နေရာတိုင်းက ထူးထူးခြားခြား တုံ့ပြန်လာသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now