Ch.(107) လူသတ်မှု / လူသတ္မႈ

1.9K 344 7
                                    

Unicode

"မင်းမဟုတ်ဘူးလို့ပြောသရွေ့ ဒီဆရာမင်းကို ယုံပေးမယ်"

မုဟဲသည် ရုန်းရင်းဆန်ခတ်အသံကြောင့် ပြေးသွားပြီး မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။ ယင်ဝူရွှမ်းသည် သူမအဖေဘက်သို့ လှည့်သွားပြီး သူ့ရင်ဘတ်ထဲသို့ တိုးဝင်သွားကာ မျက်ရည်များ ကျလာတော့သည်။ "ပါး၊ သူတို့သေသွားပြီ။ သွေးတွေအရမ်းထွက်နေတယ်!"

ယင်စန်းရှန်းသည် ရှဲ့ကျစ်ဝေ့ဘက်သို့ ကြည့်ရင်း သူမကို နှစ်သိမ့်ပေးလိုက်သည်။ "ဒီမှာဘာတွေဖြစ်နေတာလဲ?"

ရှဲ့ကျစ်ဝေ့ စကားမပြောမီ မုဟဲက ဖြတ်ပြောလိုက်သည်။ "ကျွန်တော်တို့အားလုံး အခုမှ ရောက်တာ။ ယင်ဘုရင်ရဲ့မေးခွန်းသည် မသင့်လျော်တဲ့ပုံပဲ”

“ဒါ…” ယင်စန်းရှန်းသည် မုဟဲမှ အခြားတစ်ယောက်ယောက်ကို ပြင်းပြင်းထန်ထန် ကာကွယ်ပြောဆိုသည်ကိုမြင်ကာ အံ့သြသွားသည်။ ရှဲ့ကျစ်ဝေ့သည် သူနှင့်မုဟဲ၏ စကားပြောဆိုမှုကို လုံးဝသတိမထားမိဘဲ ကုတင်ကိုသာ စိုက်ကြည့်နေခဲ့သည်။

မုဟဲက သူ့ကို လှမ်းဆွဲသည်။ "ရှစ်စွမ်း၊ ဒီမှာ ဆူညံလွန်းတယ်။ တခြားနေရာ သွားစားရအောင်"

ဒါပေမယ့် ရှဲ့ကျစ်ဝေ့က မလှုပ်။ ထိုအချိန်မှပင် မုဟဲသည် ခပ်ဖျော့ဖျော့ပုံသဏ္ဍာန်ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ့လေသံပျော့သွားပြီး "ရှစ်စွမ်း မကြည့်နဲ့တော့။ လူသေကို ပြန်ရှင်အောင် လုပ်လို့မရဘူး”

ရှဲ့ကျစ်ဝေ့သည် နောက်ဆုံးတွင် မျက်လုံးများကို ခေတ္တမှိတ်ထားလိုက်ပြီး သူ့ဘက်သို့ လှမ်းကြည့်လိုက်သည်။ "မင်းပဲလား?"

မုဟဲက သူ့အသံ လေးလံမလာခင် ထိတ်လန့်သွားခဲ့သည်။ "သူတို့ကို ကျွန်တော်သတ်ခဲ့တာလို့ ရှစ်စွမ်းသံသယရှိနေတာလား?"

ရှဲ့ကျစ်ဝေ့က သူ့အပေါ် လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး "မင်းမဟုတ်ဘူးလို့ပြောသရွေ့ ဆရာသေချာပေါက် ယုံ​ပေးမယ်"

မုဟဲက ရှဲ့ကျစ်ဝေ့ကို လေးလေးနက်နက် ကြည့်ပြီး "ဒါဒီတပည့်လုပ်တာ မဟုတ်ပါဘူး" လို့ တစ်လုံးချင်းပြောလိုက်သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now