Ch.(122) ရွေးချယ်စရာများ

1.4K 255 6
                                    

Unicode

ဘယ်လိုဆက်ဆံရေးမျိုးက လူနှစ်ယောက်ကို ထာဝရလက်တွဲနိုင်စေမှာလဲ?

ရှဲ့ကျစ်ဝေ့သည် သူလိုချင်တာကို ရရှိပြီး ထန်ထိုက်မုံ့အတွက် အရည်အသွေးမြင့် မြေခွေးမွှေးအင်္ကျီကို ဝယ်ရန်ငွေကို ချက်ချင်းသုံးခဲ့သည်။ ရှဲ့ကျစ်ဝေ့က ပိုက်ဆံတောင်းလာတဲ့အတွက် မူလကမျက်နှာမဲ့ဟာ ထိတ်လန့်သွားခဲ့ပေမယ့် အမျိုးသမီးဝတ်အင်္ကျီတစ်ထည်ဝယ်တာကို မြင်လိုက်ရတဲ့တော့ သူ့ရဲ့သံသယတွေကို ဖယ်ရှားခဲ့သည်။ ရှဲ့ကျစ်ဝေ့က သူဘာကို နားလည် သည်ကို မသိသော်လည်း ရှင်းပြရန် စိတ်မ၀င်စားပေ။ သူသည် မင်းသမီး၏ တည်နေရာကို မထုတ်ဖော်လိုချေ။

တကယ်တော့ ရှဲ့ကျစ်ဝေ့သည် မျက်နှာမဲ့ရှေ့တွင် အနည်းငယ် အကူအညီမဲ့နေခဲ့သည်။ သူ ရှဲ့ကျစ်ဝေ့ရှေ့တွင် မိသွားသည်မှာ သူ၏သရုပ်ဆောင်စွမ်းရည်ကြောင့်သာမက သူ၏လက်ပေါ်ရှိ သေစေနိုင်သောမှဲ့ကြောင့်ပင်၊ သို့သော် ဝတ္ထုထဲတွင်မုဟဲနှင့် ကိုးပြည်ထောင်ဘုရင်မှလွဲ၍ သူ၏ရုပ်ဖျက်စွမ်းရည်အကြောင်းကို အခြားမည်သူမျှ မသိခဲ့ပေ။ ဘုရင်ကြီးအနားတွင် ရုပ်ဖျက်ဆရာရှိသည်ကို အားလုံးသိခဲ့ကြသော်လည်း ထိုပုဂ္ဂိုလ်သည် မျက်နှာမဲ့ဖြစ်နေတာတော့ မသိကြပေ။ ဒါကို သူတွေးလိုက်တော့ ရှဲ့ကျစ်ဝေ့က ခံစားချက်နည်းနည်း ပိုကောင်းလာသည်။ သို့သော် မျက်နှာမဲ့သည် လေကဲ့သို့လာ၍ လေကဲ့သို့သွားကာ ကိုးပြည်ထောင်ဘုရင်အတွက် သူ့အသက်ကို စွန့်စားရန်သာ အသက်ရှင်နေပုံရသည်။ သရုပ်ဆောင်ပညာသင်ယူဖို့ ရှဲ့ကျစ်ဝေ့ကိုရှာရန် သူဘာလို့ ရုတ်တရက် တွေးမိတာလဲ?

'သူ....တစ်ယောက်ယောက်အဖြစ် ထပ်ပြီး အယောင်ဆောင်ဖို့များ ကြံစည်နေတာလား?'

ဒီတစ်ခေါက်ပုဂ္ဂိုလ်သည် အလွန်အရေးကြီးကာ အလုပ်ပို၍ပင် ခဲယဉ်းပြီး ပစ်မှတ်မှာလည်း မကြုံစဖူး လိမ်မာပါးနပ်သူ ဖြစ်ဖွယ်ရှိသည်။ ထို့ကြောင့် သူအထူးသတိရှိနေတာပင်။ ကိုးပြည်ထောင်ဘုရင် ဘာတွေများ စီစဉ်နေတာလဲ?

ရှဲ့ကျစ်ဝေ့က ထန်ထိုက်မုံ့ထွက်ပြေးမှာကို ကြောက်ပြီး ဘာမှမစားရသေးဘူးလို့လည်း ယူဆခဲ့သည်။ ထို့ကြောင့် တောင်ဂူသို့ အမြန်ပြန်သွားလေ၏။ ယခင်နှင်းများကို ဖုံးကွယ်ရန် ယခုအချိန်တွင် နှင်းများထူထပ်စွာ ကျဆင်းနေသည်။ ထန်ထိုက်မုံ့သည် သူမ၏အနေအထားကို တစက်မှမရွေ့လျားပဲ လှိုဏ်ဂူထဲတွင် ကျုံ့နေလေသည်။ သူမ၏ အနေအထိုင်ပင် မပြောင်းလဲခဲ့ပေ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now