Ch.(76) အသိအမှတ်ပြုခြင်း / အသိအမှတ်ပြုခြင်း

2.7K 495 14
                                    

Unicode

ဂုဏ်ယူပါတယ်။ ရှဲ့ကျစ်ဝေ့အဖြစ် သင့်ရဲ့ဇာတ်ရုပ်ကို ပြန်သိမ်းလိုက်ပြီဖြစ်ပြီး ဇာတ်လမ်းက အဓိကဇာတ်ကွက်ကို ပြန်ရောက်သွားပါပြီ။



မြင်ကွင်းက... နောက်တစ်ကြိမ် အဆင်မပြေပြန်တော့ပေ။

မုဟဲက သူ့စိတ်ဝိညာဥ်လွင့်သွားပုံရသည်။ ရှဲ့ကျစ်ဝေ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ တွေးနေလိုက်သည်။ ​​'ငါက အပြစ်မရှိတဲ့ လမ်းသွားလမ်းလာ တစ်ယောက်ပါလို့ ပြောရင်ယုံကြမှာလား?'

စမ်းသပ်မှု 81ခုကို ရှောင်လွှဲပြီးနောက် (အရမ်းကိုလည်း ဆိုးရွားလွန်းပါတယ်) ဖော်ထုတ်ခံရမယ်လို့ သူဘယ်တုန်းကမှ မတွေးခဲ့မိပေ။ ချုကျစ်ရှစ်က သူ့နားထိရောက်အောင် မအော်ခင် လက်တစ်ဖက်က သူ့လည်ပင်းကို ဖမ်းကိုင်လိုက်ပြီး "မင်း အာ့ရှစ်ရှုန်းရဲ့အသွင် ဘယ်လိုပြောင်းနိုင်တာလဲ၊ ဘယ်လို လှည့်စားမှုမျိုးလဲ...နေအုံး... မင်း ချင်းဖျင်ဓားကိုလည်း ကိုင်ထားတယ်၊ ဒါက..."

ခဏလောက် လွတ်ထွက်သွားပြီးနောက် ချုကျစ်ရှစ်က သူ့ဝတ်ရုံလက်ကို ဆုပ်ကိုင်လိုက်ပြီး "အာ့ရှစ်ရှုန်း၊ မဖြစ်နိုင်တာ၊ တကယ်ပဲကောလား?" သူ တရွေ့ရွေ့ လျှောက်နေသော်လည်း ရှဲ့ကျစ်ဝေ့သည် စကားတစ်ခွန်းမှ မကြားရတော့ဘဲ မုဟဲဘက်ကိုသာ မျက်နှာမူကာ ခေါင်းငိုက်ကျသည်။ ခဏတာမျှ မရေမတွက်နိုင်သော အကြောင်းပြချက်များ သူ့ဦးနှောက်ထဲတွင် ပေါ်လာသည်။

—လောင်ဇီက ချီယန်ပဲ၊ ငါ ရှဲ့ကျစ်ဝေ့ နဲ့တူနေတာ၊ အံ့သြသွားလား?

- တပည့်၊  ဆရာ့မှာတကယ်တော့မှာ အသွင်နှစ်ခုရှိတယ်။ နေ့ခင်းဘက် ရှဲ့ကျစ်ဝေ့နဲ့ ညဘက်မှာ ချီယန်ပဲ၊ မထင်ထားဘူးမလား?

- ငါဘယ်သူလဲ၊ ဘယ်မှာလဲ? ဟိုကသူငယ်ချင်း၊ မင်းခေါင်းပေါ်က ဝါးကဘာလို့ အစိမ်းရောင်ကြီးလဲ?

ဒါပေမယ့် ဒီအကြောင်းပြချက်တွေအားလုံးတွင် သူသည် ရှဲ့ကျစ်ဝေ့လို့ ဝန်မခံထားပါ။ သူ့လက်ထဲမှ ချင်းဖျင်ဓား၊ ခေါင်းတလားအလွတ်တစ်ခုနှင့် အမှန်တရားများ အပြင်ဘက်သို့ ပေါက်ကြားလားမပေါက်ကြားလား မသိနိုင်တဲ့ ဓားပြနှစ်ဦးနှင့်အတူ၊ မုသားများသည် မီးတောက်မည့်မီးများကို ဖုံးကွယ်ရန် စက္ကူပါးလိုပင်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now