Ch.(84) အတိုချုပ် / အတိုခ်ဳပ္

2.5K 446 10
                                    

Unicode

ဇာတ်လိုက်က ငါ့ကိုကြိုက်နေတယ်တဲ့


Gallant Outlaw သူ့အာရုံတွေ ပြန်ကောင်းမလာခင် အချိန်အတော်ကြာခဲ့သည်။ "မင်းက ဇာတ်လိုက်ကို ခေါင်းအုံးနဲ့ရိုက်လိုက်တယ်ဆိုတော့ သူ ဘယ်လိုတုံ့ပြန်လဲ?"

"သူထွက်ပြေးသွားပြီ"

Gallant Outlaw သည် မြင်ကွင်းကို စိတ်ကူးကြည့်ရန် ကြိုးစားပြီး သူ့တံတွေးနင်လုနီးပါး ဖြစ်ခဲ့သည်။ "ပ-ပြေးသွားတယ်?" သူ့နားကို စိတ်ရှုပ်ထွေးစွာ ကုတ်လိုက်သည်။ "အဲဒါ ဇာတ်လိုက်ပုံစံနဲ့လည်း မတူဘူး။ မင်းက သူ့ရှစ်စွမ်းဆိုရင်တောင် ဒီလောက်မျက်နှာပျက်စရာကို သည်းခံမှာမဟုတ်ဘူး။ သူ တခြားဘာမှ မလုပ်ဘူးလား?"

'ဟက်၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲ့ယုတ်မာတဲ့တပည့်က ငါ့ကို နမ်းသွားတယ် ဟုတ်ပြီလား?'

ဒါပေမဲ့ ရှဲ့ကျစ်ဝေ့က သူ့မာနကြောင့် ဘယ်တော့မှ ရိုးသားမှာ မဟုတ်ပေ၊ ဒါကြောင့် သူက မရေရာတဲ့ "အင်း" လို့သာ တုံ့ပြန်လိုက်သည်။

Gallant Outlawဟာ စိတ်ရှုပ်ထွေးနေခဲ့သည်။ "ဒါဆို မင်းသူ့ကို ရိုက်လိုက်တာပေါ့၊ ဘာတွေဒေါသထွက်စရာရှိလို့လဲ? ဒါဝတ္ထုတစ်ခုလုံးရဲ့ နတ်ဘုရား မုဟဲပဲလေ"

ရှဲ့ကျစ်ဝေ့က အေးစက်စွာ မရယ်မောဘဲမနေနိုင်။ "ဟဲဟဲ၊ နှစ်ခါလောက်ရိုက်တာ နာတောင်မနာဘူး။ ဘာမှမကျေဘူး"

"မကျေဘူး?" Gallant Outlaw လမ်းပျောက်သွားသည်။ "ဒါပေမယ့် Idol၊ မင်းသူ့ကို ချင်းဖျင်ဓားနဲ့ မင်းရဲ့လျှို့ဝှက်သွန်သင်ချက်တွေ ပေးထားပြီးပြီလေ၊ မင်းအခုတကယ်ဆင်းရဲနေပြီ။ ဇာတ်လိုက်က မင်းဆီက ဘာများမြင်နိုင်မှာလဲ?"

"......" ရှဲ့ကျစ်ဝေ့က ပြောသည်။ ဒါနုံ။ 'တုံးအလိုက်တဲ့ကောင်လေး၊ ငါမှာ ယောက်ျားတစ်ယောက်ရဲ့ အခြေခံဂုဏ်သိက္ခာကို ရှိတုန်းပဲကွ'

Gallant Outlaw က "Idol မေ့လိုက်ပါတော့၊ မင်းဘာမင်း မရှင်းပြနိုင်မှတော့ ကျွန်တော့် မျက်စိနဲ့ကြည့်ဖို့ ခွင့်ပြုချက်ပေးပါ။ အဲဒါက ပိုရှင်းတယ်။ ပြဿနာကို ခွဲခြမ်းစိတ်ဖြာပေးဖို့လည်း ကူညီပေးနိုင်တယ်လေ"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now