Ch.(58) ဆုံးဖြတ်ချက် / ဆုံးျဖတ္ခ်က္

2.3K 460 5
                                    

Unicode

နှုတ်ကြမ်းသော စကားသည် ရှဲ့ကျစ်ဝေ့ ၏မူရင်းဆက်တင်များနှင့် မကိုက်ညီပါ။ မင်းOOCကို ပြင်းပြင်းထန်ထန် ပြုမူခဲ့ပြီး စကားမပြောဖို့ တားမြစ်ခံရပါသည်။




ရှဲ့ကျစ်ဝေ့သည် ချင်းဖျင်ဓားကို ထုတ်ပြလိုက်သည်နှင့် မုဟဲ ဘာကိုစီစဉ်နေသည်ဆိုတာကို အတိအကျသိသည်။ 'ဒီကောင် အရိုးထိ မည်းနေတာပဲ။ ယင်ဝူရွှမ်းက သူ့ဘာသာသူ ဒေါသဖြစ်နေပေမယ့် သူကတော့ ပုဇွန်လေးတစ်ကောင်အတွက်နဲ့ အပြစ်မရှိတဲ့လူကို သတ်ပစ်ရဲတယ်တဲ့။'

ဒါက သူ့ကို ပြဿနာအကြီးကြီး တက်စေသည်။

ရှဲ့ကျစ်ဝေ့သည် ချင်းဖျင်ဓားကို နှစ်ပေါင်းတစ်ရာကျော် ကိုင်ဆောင်ခဲ့သည်။ ဤသည်မှာ သူ၏ဝိညာဉ်စွမ်းအားနှင့် ကြာမြင့်စွာရင်းနှီးခဲ့သော နတ်လက်နက်ဖြစ်သည်။ ပိုင်ရှင်ပြောင်းသွားပေမယ့် သူ့ကို မေ့မှာမဟုတ်ပေ။ ၎င်း၏ဓားချက်သည် အခြားသူများကို သတ်နိုင်သော်လည်း ၎င်းသည် သူ့ကို အနည်းငယ်မျှ ထိခိုက်မည်မဟုတ်ပေ။ ရှဲ့ကျစ်ဝေ့သည် ရွှံ့နွံအလွှာအောက်၌ပင် စိမ်းလန်းသော မီးရောင်ကို ခံစားလိုက်ရသည်။

'ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ်သွားရင် ငါအခုချိန်ထိ ဟန်ဆောင်လာတာ အလကားဖြစ်သွားမှာပေါ့။'

သူ့တစ်သက်တာလုံးမှာ ဒီလောက်မျက်နှာမပျက်ခဲ့ဖူးပေ။ 'ဒီရွှံ့တွေ ဘယ်လောက် နံနေလဲ သိလား? နံနံပင်နဲ့ ငါးပူစီနာကိုရောပြီး နှစ် 100လောက် မြေအောက်ထဲမှာ မြုပ်ထားတာနဲ့ တူတယ်ကွ!'

ထိုအချိန်တွင် သူ့ခေါင်းထဲတွင် စနစ်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။ "သတိပေးချက်! နှုတ်ကြမ်းသော စကားသည် ရှဲ့ကျစ်ဝေ့ ၏မူရင်းဆက်တင်များနှင့် မကိုက်ညီပါ။ မင်းOOCကို ပြင်းပြင်းထန်ထန် ပြုမူခဲ့ပြီး စကားမပြောဖို့ တားမြစ်ခံရပါသည်။"

ရှဲ့ကျစ်ဝေ့က သူ့ပါးစပ်ထဲကို ရွှံ့လက်တစ်ဆုပ်စာ ထည့်ပြီး လည်ပင်းကို အသေညှစ်ချင်နေသည်။ 'ကောင်းရော၊ ပေါ်ရုံတင်မဟုတ်ဘူး၊ အခု​တော့ ကိုယ့်ကိုယ်တောင် ခုခံပြောလို့ မရတော့ဘူး...'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now