Ch.(24) ဓားဆွဲထုတ်ခြင်း / ဓားဆွဲထုတ်ခြင်း

3.4K 572 7
                                    

Unicode

ဒါဇာတ်လိုက် နိုးထလာဖို့အချိန်ပဲ!

ရွေးချယ်ရမယ်ဆို သေချာပေါက် ဇာတ်လိုက်က ပိုအရေးကြီးတာပေါ့။ စနစ်သည် အမိန့်အသစ်ကို လျင်မြန်စွာ ထုတ်ပြန်ခဲ့သည်- "ရှဲ့ကျစ်ဝေ့သည် သူ့ချစ်တပည့် တိုက်ခိုက်ခံရချိန်တွင် ရပ်ကြည့်နေမည်မဟုတ်ပါ။ ကျေးဇူးပြု၍ အမြန်ဆုံး ဖြေရှင်းပေးပါ။”

စနစ်နှိုးစက် ထပ်မံမပိတ်မီတွင် ရှဲ့ကျစ်ဝေ့သည် တိုက်ချက်ကို တားဆီးရန် မုဟဲရှေ့သို့ ပြေးသွားခဲ့ရသည်။ 'ချီးကို ချစ်တပည့်အာ?'

'နေအုံး၊ တစ်ခုခုမူမမှန်သလိုပဲ။'

'ဒီတိုက်ချက်မှာ အတွင်းအား သိပ်မပါသလိုပဲ?'

ရှဲ့ကျစ်ဝေ့သည် သူ့ခန္ဓာကိုယ်ထဲသို့ အေးစက်နေသော လျှပ်စီးကြောင်းများ မဝင်ရောက်မီတွင် သူ၏ လက်ဖဝါးအေးများကို တစ်စက္ကန့်မျှသာ ခံစားလိုက်ရသည်။  သူကြည့်လိုက်တော့ ရေခဲအလင်းတန်းတွေ သူ့လက်ထဲတွင် မြန်မြန်ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။  'ဒီတော့ မင်ခုန်းက လုကျန့်ယွင်နဲ့ မုဟဲကိုသုံးပြီး ငါ့ကို ပစ်မှတ်ထားတာလား?'

သူသည် မင်ခုန်း၏မိသားစုတစ်ခုလုံးအား နှုတ်ခွန်းဆက်သခြင်း (ကျိန်စာ) များကို တိတ်တဆိတ် ပေးလိုက်သည်။  "ဒါက ဘယ်လိုပညာမျိုးလဲ"

မင်ခုန်းက အောင်မြင်စွာ ပြုံးလိုက်သည်။  "ပညာမဟုတ်ဘူး၊ အဆိပ်"

'မင်းအမေ၊ မင်း လောင်ဇီကို ဆန့်ကျင်ရဲတယ်ပေါ့?'

ရှဲ့ကျစ်ဝေ့က မင်ခုန်းမိသားစုကို အလေးပြုရင်း “မင်ခုန်းအကြီးအကဲက ရန်သူကို ကူညီနေသေးတာ မယုံနိုင်ဘူး…”

မင်ခုန်းက ဘာမှမပြော။ သူသည် ရှဲ့ကျစ်ဝေ့ ၏မျက်နှာကိုသာ စိုက်ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာခါလိုက်သည်။  "အရမ်းတူလွန်းတယ်…”

"ဘာနဲ့တူတာလဲ" ရှဲ့ကျစ်ဝေ့က မေးသည်။

“ဘာမှမဟုတ်ဘူး။” မင်ခုန်းက သူ့အသိစိတ်ဝင်လာပြီး ဘာမှဖြစ်မလာသလိုပဲ ဆက်ပြောသည်။  " ရှဲ့အကြီးအကဲ ဝမ်းနည်းနေဖို့ မလိုပါဘူး။  ဒီအဆိပ်က အသက်မသေစေဘူး။ မင်းရဲ့ဝိညာဉ်စွမ်းအားကိုပဲ ခဏလောက် ပိတ်ထားတာ။"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now