Ch.(108) မေးမြန်းခြင်း / မေးမြန်းခြင်း

1.8K 354 6
                                    

Unicode

တပည့် ရှစ်စွမ်းကို ကာကွယ်ပေးရမယ့်အချိန်ရောက်ပြီ

အောက်ထပ်တွင် ရုတ်ရုတ်သဲသဲဖြစ်ခဲ့သည်။ မျက်လုံးများစွာက ရန်ကျစ်ဖေးကို စိုက်ကြည့်နေကြသော်လည်း ဦးနှောက်အလုပ် မလုပ်နိုင်သေးသော ရှဲ့ကျစ်ဝေ့ကို ပို၍ပင်ကြည့်နေခဲ့သည်။ သူ မတုံ့ပြန်ခင်မှာ ရန်ကျစ်ဖေးက ထိုက်ဆုဓားကို ထုတ်ပြီး သူ့ဆီသို့ ညွှန်ပြလိုက်သည်။

"မင်းဘာစောင့်နေတာလဲ?" သူက ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်သည်။ "သွားစမ်း!"

နှစ်ပေါင်းများစွာ ဂိုဏ်းခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ဘုန်းအာနုဘော်ကို ထူထောင်ထားပြီးဖြစ်သည်။ သူ့မျက်နှာက တင်းမာလွန်းသဖြင့် တပည့်များကို ခြိန်းခြောက်ရန်ပင် မလိုတော့ပေ။ သူ့စကားကြောင့် တုန်လှုပ်ချောက်ချားနေသည့် အခန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားသည်။

သို့သော် ရှဲ့ကျစ်ဝေ့သည် ထူးထူးခြားခြား တစ်ခုခုကို ဖမ်းစားမိလိုက်သည်။ ရန်ကျစ်ဖေးသည် သူစကားပြောနေစဉ်တွင် မျက်ခုံးများတွန့်သွားကာ သူ့မျက်နှာပေါ်တွင် မမြင်နိုင်သော စိုးရိမ်ပူပန်မှုတစ်ခုရှိနေသည်။ အောက်ထပ်ကို ငုံ့ကြည့်လိုက်တော့ ရှဲ့ကျစ်ဝေ့က တုံးအပုံပေါက်တဲ့ လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် တာအိုဂိုဏ်းဝင်မဟုတ်သော်လည်း ပြောင်ပြောင်ရောင်ရောင် ၀တ်ဆင်ထားပြီး ရင်းနှီးသူအနည်းငယ်ဖြင့် လိုက်ပါလာခဲ့သည်။ လက်ညိုးထိုးကာ လူတကာကို ရယ်မောနေသည့်် ဒီလူငယ်မှလွဲ၍ အပေါ်ထပ်က အခင်းအကျင်းကိုပဲ အားလုံးက အာရုံစိုက်နေကြသည်။

ရှဲ့ကျစ်ဝေ့သည် လူအုပ်၏ ရည်ရွယ်ချက်ကို ခန့်မှန်းရင်း နောက်ပြန်ဆုတ်သွားသည်။ ဒါပေမယ့် ဘယ်အရာမဆို ဒီလောက်တိုက်ဆိုင်နိုင်ပါ့မလား?

သူနဲ့မုဟဲ အခင်းဖြစ်ရာကို ဝင်လာတာနဲ့ လူသတ်မှုက အချိန်ကိုက်ဖြစ်လာရတာလဲ? တကယ်တော့ ဒီသင်္ချိုင်းဓားပြတွေ အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ အရေးမကြီးပါ။ ဤလူများသည် ရှဲ့ကျစ်ဝေ့အား ဒုက္ခဖြစ်စေရန် အကြောင်းပြချက်တစ်ခု လိုချင်ကြရုံသာ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now