Ch.(86) အတိတ်ဘဝ / အတိတ္ဘဝ

2.4K 417 9
                                    

Unicode

ဆရာရှဲ့၊ မင်းက ငါတို့နှလုံးသားထဲမှာ အမြဲရှိနေမှာပါ


အစေခံမလေးက "သိခဲ့ပါတယ်။ ဒီတခေါက် ယောကျာ်းနှစ်ယောက် ဖမ်းလာတာပါ" လို့ ပြန်ဖြေသည်။

ရှဲ့ကျစ်ဝေ့၏ မျက်ခုံးများ တွန့်သွားသည်။ "ယောက်ျား?" 'ပြီးတော့ နှစ်ယောက်တောင်၊ လုံးဝ မမျှော်လင့်ထားဘူး' "သေချာလား?"

"ဟုတ်ပါတယ်" အစေခံမလေးက ခေါင်းညိတ်သည်။ "သူ...သူပြောတာတော့ အနီးကပ်ကြည့်ခွင့်မပေးပေမယ့် ကြာပွတ်ရိုက်သံကြောင့် ငိုတာကတော့ သေချာပေါက် ယောက်ျားလေးပဲလို့ ပြောတယ်။ သရဲတွေ အော်ဟစ်ငိုကြွေးနေပုံနဲ့တောင် တူတာမို့ မမှားနိုင်ပါဘူး"

'ဒါဆို မသက်ဆိုင်သူတွေ ဖြစ်လောက်တယ်။ မုဟဲက ရက်စက်တယ်ဆိုရင်တောင် သူ့အငယ်ဆုံးရှစ်ရှုကို ရိုက်နှက်မှာမဟုတ်ဘူး ဟုတ်တယ်မလား? ချုံးကျိုးယွင် ဒါမှမဟုတ် ထန်ထိုက်မုံ့ဆို ပိုတောင်မဖြစ်နိုင်သေး။ ဒီလို ချောမောလှပတဲ့ ညီမလေးတွေက ဘယ်လိုလုပ် သရဲတစ္ဆေတွေလို အော်ဟစ်ငိုယိုနေမှာလဲ?'

မူရင်းဝတ္ထုတွင် မုဟဲ၏ Haremအဖွဲ့ဝင်များ အားလုံးက "အနက်ရောင် ကုတ်ပိုးငှက်လေးလို အော်ပစ်ကြတာ" ကိုပင် အသေးစိတ်ဖော်ပြထားသည်။ ရှဲ့ကျစ်ဝေ့က ချောင်းခြောက်ဆိုးလိုက်ပြီး "ဒီလိုဆိုမှတော့၊ ပင်ပန်းသွားပါပြီ မိန်းကလေး။ မင်းရဲ့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ ကံကောင်းခြင်းတွေ ရလာမှာ သေချာပါတယ်"

အစေခံမလေးက ဒီလိုချီးမြှောက်ခံရတာကြောင့် တော်တော်ရှက်သွားပြီး နှုတ်ခမ်းတွေက ပြုံးယောင်သမ်းသွားသည်။ "ရှဲ့အကြီးအကဲက ယဉ်ကျေးလွန်းနေပါပြီ။ အချိန်ရရင် ကျွန်မရဲ့ကံကြမ္မာကို ဟောပေးဖို့ မမေ့ပါနဲ့နော်"

"သေချာတာပေါ့"

အစေခံမလေးက ကျေးဇူးတင်စကား ပြောပြီး စိတ်အားထက်သန်စွာ ထွက်ခွာသွားခဲ့သည်။ ရှဲ့ကျစ်ဝေ့က သူ့အမူအရာကို ရုပ်သိမ်းလိုက်ပြီး စနစ်နှင့် ချက်ချင်းချိတ်ဆက်လိုက်သည်။

"Gallant Outlaw၊ ထွက်လာခဲ့"

"ဟေ့ Idol ခဏစောင့် ကျွန်တော်ချက်ချင်းလာမယ်"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now