Ch.(7) ကြာဖြူ / ၾကာျဖဴ

6.4K 916 29
                                    

Unicode

ဇာတ်လိုက်ကခံစားချက်ရှိတဲ့ဇာတ်ကောင်

"ရှစ်သိနဲ့ ရှစ်ကျီတို့ ကောင်းကောင်းသွားကြပါ။"

သူ၏ သာယာသော လေသံကို မျက်စောင်းလေးတစ်စုံဖြင့် တုံ့ပြန်လိုက်ကြသည်။ ရှဲ့ကျစ်ဝေ့ က ဂရုမစိုက်ဘဲ ပိုင်နှစ်ယောက် ဓားရှည်ပေါ်မှ ပျံထွက်သွားတာကို မြင်လိုက်သည်အထိ သူ့အပြုံးလေးကို ထိန်းထားလိုက်သည်။ သူ ထို့နောက် စနစ် မျက်နှာပြင် ကိုဖွင့်လိုက်သည်။

Gallant Outlawက မျက်ရည်ဝဲဝဲနှင့် စကားပြောလာသည်။ "Idol ​ပြောပါအုံး! အမျိုးသမီးဇာတ်လိုက် တစ်ခုခုဖြစ်သွားတာလား? ဇာတ်လမ်းမှာ သူမကိုဘယ်မှာမှမတွေ့ဘူး!"

ရှဲ့ကျစ်​ဝေ့သည် အားမလျှော့။ "မင်းဖန်တီးထားတဲ့ အထူးအဆန်း ဇာတ်လိုက်ကိုသာ သွားမေးလိုက်တော့။ ငါလည်းမပြောတတ်တော့ဘူး။ ညီလာခံသွားတဲ့လမ်းမှာ ထန်ထိုက်မုံ့နဲ့ တွေ့တော့ ဇာတ်လိုက်နဲ့ ပရောပရေလုပ်ရပါစေ ဆိုပြီးလွှတ်ပေးလိုက်တာ။ ဒါပေမယ့် ငါမျက်တောင်ခတ်လိုက်တာနဲ့ နှစ်ယောက်လုံး မြစ်ထဲကို ပြုတ်ကျသွားတော့တာပဲ။ နောက်တော့ အမျိုးသမီးဇာတ်လိုက်...*အဟွတ်* ပျောက်သွားတာပဲ။"

လေငြိမ်သွားသည်။

"တစ်ခုခုပြောအုံးလေ၊ Gallant Outlaw" ရှဲ့ကျစ်ဝေ့ က တိုက်တွန်းသည်။

မယုံကြည်နိုင်သော အသံများထွက်လာသည်။ "သ-သွားပြီ? ရေနဲ့ မျောပါသွားပြီတဲ့လား?"

ရှဲ့ကျစ်ဝေ့ ပခုံးတွန့်လိုက်သည်။

တစ်ဖက်မှ ဆံပင်များကို လက်ချောင်းများဖြင့် ကုတ်လိုက်သံများထွက်လာသည်။ Gallant Outlaw မယုံနိုင်။ "မဖြစ်နိုင်တာအာ၊ ငါဒီလိုရေးထားတာမှမဟုတ်တာ၊မဟုတ်မှ..."

"မဟုတ်မှ?"

Gallant Outlaw ရုတ်တရက် အတည်ပေါက် ပြောလာသည်။ "Idol၊ သေချာစဉ်းစားကြည့်ပါအုံး။ မင်း ဇာတ်လိုက်ကို ဘာပြောလိုက်တာလဲ။ ဒါမှမဟုတ် သူ့ရှေ့မှာ အမျိုးသမီးဇာတ်လိုက်အကြောင်း တစ်ခုခုပြောခဲ့တာလား?"

"ငါကဒီအတိုင်း အချိန်တန်သေမယ့် အမြောက်စာလေးပဲလေ။ ငါ့စကားက ဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်ကို ထိခိုက်စေနိုင်မှာတဲ့လား?" ရှဲ့ကျစ်ဝေ့ က လှောင်ပြောင်လိုက်သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now