Ch.(41) လိုက်ဖမ်းခြင်း / လိုက်ဖမ်းခြင်း

2.8K 494 11
                                    

Unicode

'ငါအနားမှာရှိနေသရွေ့ ရှစ်စွမ်းကို ဘယ်သူမှရမယ်မထင်နဲ့။'



ချုံးကျိုးယွင်သည် မကြာမီတွင် အပြာရင့်ရောင် ကောင်းကင်ကြီးအောက်တွင် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ အရိပ်အစောင့်များအားလုံး ဆုတ်ခွာသွားကြပြီး အများစုမှာ လေ့ကျင့်နေသော်လည်း မုဟဲအား ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ဤလူသည် တော်ဝင်မင်းသားနှင့် အလွန်တူပြီး ထူးခြားပြီး သာလွန်ကောင်းမွန်သော အရည်အချင်းများကို ပိုင်ဆိုင်ထားသည်။  ဒဏ္ဍာရီလာ ပျောက်ဆုံးနေသူများ ဖြစ်နိုင်မလား...

ရှဲ့ကျစ်ဝေ့သည် လေထုထဲမှ အနက်ရောင် တိမ်ထုကြီးကို လွတ်လွတ်လပ်လပ် ငေးမောရင်း သူ့နှလုံးသားက တစ်ခြမ်း အေးခဲသွားသည်။ 'အရှုံးသမားဇာတ်လိုက်၊ မိန်းကလေးလိုက်ရတာ ဘယ်လောက်ခက်လဲ သိရဲ့လား။ မင်းလုပ်သမျှအကုန် သတ် သတ် သတ်ဆိုတာကြီးပဲ။  အားလုံးကိုသတ်ပြီးမှ တစ်ယောက်ထဲ အထီးကျန်လို့ ထိုင်ငိုနေရမယ်။'

အကယ်၍ ​ဇာတ်လမ်းစွမ်းဆောင်သူ အန်တီယွင်သာ အော့ဖ်လိုင်းဖြစ်သွားပါက၊ ဇာတ်လိုက်အား နတ်ဆိုးဂိုဏ်းကို ပေါင်းစည်းရန် မည်သူက ကူညီရမည်နည်း။ ဇာတ်လိုက်ကို ကြာနီရအောင် ဘယ်သူက ကူညီပေးတော့မလဲ။ 'ဇာတ်လိုက်နဲ့လည်း ဘယ်သူက  Papapaရတော့မှာလဲအာ! ငါ့နှလုံးသားလေး ပင်ပန်းနေပြီ။ ဘယ်သူကဒီလို ဖွတ်ကျားဇာတ်ကြောင်းကို ဖတ်တော့မှာလဲ?'

ဇာတ်ကြောင်းကို ဆက်ထိန်းထားဖို့ထက် အဖြစ်အပျက်တွေက ပိုမြန်နေသည်။ ရုတ်တရက်၊ ကျီးကန်းရောင် ပုံရိပ်သည် မုဟဲကိုဖြတ်၍ ရုတ်ချည်း ကြာနက်တိမ်တိုက်ဆီသို့ ပြေးသွားခဲ့သည်။

"ရှစ်စွမ်း!"  ရှဲ့ကျစ်ဝေ့၏ မယုံနိုင်စရာ အပြုအမူကြောင့် မုဟဲ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

'ရှစ်စွမ်းကဘာလို့ ဒီမိစ္ဆာဂိုဏ်းကမိန်းမကို ကယ်ရတာလဲ!?' သူ့ရှစ်စွမ်းသည် လောကကို မဆန့်ကျင်သော်လည်း အကောင်းနှင့်အဆိုးကိုတော့ ရှင်းရှင်းလင်းလင်း သိသည်။ စန်းယွင်ဓားဂိုဏ်းမှ မင်ခုန်းသည်လည်း အရှက်ရဖွယ်ကောင်းသည်ကို သူ(XZW)တွေ့ရှိခဲ့သည်၊ ထို့ကြောင့် ဒီအမျိုးသမီးကို ဘာကြောင့် ထပ်ခါထပ်ခါ ခွင့်လွှတ်နေရတာလဲ?

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now