Ch.(92) လျှို့ဝှက်အဓိပ္ပါယ် / လွ်ို႔ဝွက္အဓိပၸါယ္

2.1K 433 8
                                    

Unicode

တပည့်ပြောချင်တာ….ရှစ်စွမ်း အဲဒါကို ငေးကြည့်တဲ့အခါတိုင်း တပည့်ကို ခဏခဏ သတိရပေးပ




ရှဲ့ကျစ်ဝေ့ နှလုံးသား နစ်မြုပ်သွားတော့သည်။

သူ့အတွေးတွေ တစ်နေ့ကုန် ပျံ့လွင့်နေခဲ့သည်။

ဇာတ်လိုက် သတိလစ်နေချိန်တွင် သူခိုးထွက်ကာ သူ(မုဟဲ)၏ "ရန်သူတော်" ချုကျစ်ရှစ်ကို လွတ်မြောက်အောင်ပင် ကူညီပေးခဲ့သည်။ ဇာတ်လိုက်က သူတို့ကို လွှတ်ပေးပြီး နောက်ဆုံးမှာတောင် ဘယ်လိုလုပ်ကူညီပေးနိုင်မှာလဲ? ဒါကိုဘေးဖယ်ထားလိုက်ရင် ချာတိတ်လေးဟာ ဒီလိုပြင်းထန်တဲ့အခြေအနေမှာရှိနေတာတောင် တစ်ရက်တည်းနှင့် လေထဲတွင် နယ်နိမိတ်ကွင်းနှစ်ခု ထုတ်နိုင်ခဲ့သေးသည်....သူတကယ်ကို အစွမ်းကုန်လုပ်ထားတာပင်။

ယခု မုဟဲသည် စစ်ကူများမပါဘဲ တစ်ယောက်တည်း လာခဲ့ရာ၊ ပို၍ကြီးမားသော အကွက်ကိုများ ဖုံးကွယ်ထားသလား?

ရှဲ့ကျစ်ဝေ့ တစ်ဝက်ယုံပြီး တစ်ဝက်က သူ့ထင်ကြေးအပေါ် သံသယဝင်မိသွားသည်။ မုဟဲ၏အမူအရာများမှ အရိပ်အမြွက်အချို့ကို သူရှာဖွေချင်သော်လည်း ကောင်လေးသည် တောနက်ထဲတွင် ရပ်နေသောကြောင့် အရိပ်များက သူ့အသွင်အပြင်ကို လုံးဝဖုံးကွယ်နေခဲ့သည်။ လေထဲတွင် လွင့်ပျံနေသော အဖြူရောင်၀တ်စုံဖြင့် အထီးကျန်အသွင်ကိုသာ သူ မြင်နေရသည်။

သည်းမခံနိုင်တော့ဘဲ ရှဲ့ကျစ်ဝေ့က လှမ်းပြောလိုက်သည်။ "မင်းရောက်လာမှတော့ ဘာလို့ပေါ်တင်လာမတွေ့တာလဲ?"

မုဟဲသည် တုတ်တုတ်မျှမလှုပ်။

ရှဲ့ကျစ်ဝေ့၏ အသံသည် ငြိမ်သက်နေ၏။ "နှုတ်မဆက်ဘဲ ထွက်သွားလို့ ဆရာ့ကို အပြစ်တင်နေတာလား?"

မုဟဲက ခေါင်းခါလိုက်ပြီး နောက်ဆုံးတော့ ပါးစပ်ကို ဖွင့်လိုက်သည်။ “တပည့် မလုပ်ရဲပါဘူး၊ ရှစ်စွမ်း တပည့်ကို အခုမတွေ့ချင်သေးဘူးလို့ ထင်လို့ပါ"

"ဘာလို့အဲ့လို ပြောရတာလဲ?"

အမှောင်ထဲတွင် မုဟဲ ခေါင်းညိတ်လိုက်သည်။ “တပည့် အငယ်ဆုံးရှစ်ရှု ဒီလောက်ထိဒဏ်ရာရမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပါဘူး။ စံအိမ်ထဲခိုးဝင်လာတာ တော်ဝင်ခမည်းတော်အပေါ် မကောင်းတဲ့ အကြံအစည်ရှိတယ် ထင်ခဲ့တာ..…ခမည်းတော်သာ သူ့ကို ညှဉ်းပန်းနှိပ်စက်မယ်မှန်းသိရင် ကျွန်တော် အစကတည်းက လှုပ်ရှားမှာမဟုတ်ပါဘူး"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now