Ch.(10) ရန်စခြင်း / ရန္စျခင္း

5K 812 8
                                    

Unicode

လူတွေကိုသေစေနိုင်ဆုံးက သူတို့ရဲ့စိတ်ကို မသိမသာ လှုံ့ဆော်တာပဲ။'



“ရှစ်ဇွမ်း…” မုဟဲ ဝမ်းနည်းစွာ ငိုသည်။  ထို့နောက် သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် မြေပြင်ပေါ်လဲကျသွားသည်။  'ခွေး'သည် ဘယ်လောက်ပဲ နှိုးနှိုးမနိုးတော့ပါ။

'သရုပ်ဆောင်နေပြန်ပြီ။  ဒီမှာ အကောင်းဆုံး ဒုတိယသရုပ်ဆောင်အတွက် ဆုချီးမြင့်လိုက်ကြပါအုံး!' ရှဲ့ကျစ်ဝေ့က စိတ်ထဲတွင် အော်ပြောလိုက်သည်။ "ရှစ်ကျီ၊ မင်းတို့နှစ်ယောက်လုံးက ဂိုဏ်းတစ်ခုတည်းကမလား?  ဘာလို့ အနိုင်ကျင့်နေရတာလဲ?"

ပိုင်ယွီက နောက်မဆုတ်ပေ။ "ကျွန်တော် သူ့ကိုသတ်လိုက်ရင်ရော ခင်များဘာလုပ်နိုင်မှာမို့လို့လဲ"

"ဒါဆို ရှစ်ရှူးကို အပြစ်မတင်ပါနဲ့တော့" ရှဲ့ကျစ်ဝေ့ သက်ပြင်းချလိုက်သည်။

"ခင်များ ကျွန်တော့်ကိုတိုက်မလို့လား" ပိုင်ယွီ၏ ခြေလှမ်းများသည် အံ့အားသင့်စွာ ရပ်တန့်သွားသည်။ ရှဲ့ကျစ်ဝေ့ သည် ပိုင်ကလန် အပေါ် အမြဲတမ်း ကျေးဇူးတင်နေခဲ့သည်။  ဂိုဏ်းတွင်းတွင်သူ(XZW)၏အဆင့်တန်းသည် မည်သို့ပင်ရှိစေကာမူ ပိုင်ယွီသည် သူ့အား အနည်းငယ်သာအဆင့်မြင့်သော အစေခံတစ်ဦးအဖြစ် အမြဲဆက်ဆံခဲ့သည်။

ချန်တောက်ရှို့သည် ကိစ္စများ ပိုမိုဆိုးရွားလာသည်ဟု ခံစားလိုက်ရပြီး ပိုင်ယွီကို လှမ်းဆွဲငင်လိုက်သည်။  “ရှစ်ရှူန်း၊ စိတ်လျှော့ပါအုံး။  ဂိုဏ်းခေါင်းဆောင်သာ ဒါကိုကြားသွားရင် ကောင်းမှာမဟုတ်ဘူး။"

ဒါပေမယ့် ပိုင်ယွဌကတော့ မကြောက်ပေ။ ရှဲ့ကျစ်ဝေ့ သည် လူတိုင်းအပေါ် စိတ်ရှည်သည်းခံပြီး ကြင်နာစွာ ဆက်ဆံတတ်သော လူကြီးလူကောင်းတစ်ဦးဖြစ်သည်။  သူနဲ့ သူ့အဖေရှေ့မှာ သူ(XZW)သည် ပန်းသီးတစ်လုံးလို ခပ်ထူထူဖြစ်ပြီး သူတို့အကြောင်း ပြင်ပလူတွေကို တစ်ခါမှ မပြောဖူးပါ။

ရှဲ့ကျစ်ဝေ့ သည် မူလhostသည် အလွန်ပျော့ညံ့လွန်းသည်ဟုသာ ညည်းညူခဲ့သည်။  သူသည် ပိုင်သားအဖတို့ကို ကြေကွဲစရာကောင်းလောက်အောင် အင်မတန် အလိုလိုက်ခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now