Ch.(40) ကိုယ်ထိလက်ရောက်ကျူးကျော်မှု / ကိုယ္ထိလက္ေရာက္က်ဴးေက်ာ္မႈ

3.2K 502 6
                                    

Unicode

.... ဂုဏ်သိက္ခာတွေ၊ သမာဓိတွေ အားလုံးတော့ ပျက်စီးကုန်ပါပြီ။


ရှဲ့ကျစ်ဝေ့သည် ဤယောကျ်ား-မိန်းမ ရင်းနှီးမှုကြောင့် အဆင်မပြေဖြစ်ခြင်း မဟုတ်ပေ။ အနည်းဆုံးတော့ သူဟာ သရုပ်ဆောင်အဖြစ် အမျိုးသမီးတွဲဖက်သရုပ်ဆောင်တွေနဲ့ နမ်းရှုံ့ခဲ့တဲ့ ပြကွက်တွေ အများကြီးရှိခဲ့သည်။ ၎င်းတို့အများစုသည် ပါးနပ်သောကင်မရာရူထောင့်များသာဖြစ်သော်လည်း၊ ၎င်းသည် သူ၏သည်းခံနိုင်စွမ်းကို အတိုင်းအတာတစ်ခုအထိ လေ့ကျင့်ပေးခဲ့သည်။  အမျိုးသမီးတစ်ဦးသည် ယခု သူ့ရှေ့တွင် ကိုယ်လုံးတီးဖြစ်နေလျှင်တောင် သူတုံ့ပြန်မည်မဟုတ်ပေ။ ဒါဟာ သူ့အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

ဟုတ်ပါတယ်၊ အခုတောင် ရှဲ့ကျစ်ဝေ့သည် သူလုပ်သမျှကို အလုပ်အဖြစ် သာသတ်မှတ်ထားသည်။

ဇာတ်​​လိုက်ကို အထင်​လွဲစေမှာကို​ ကြောက်​​၍သာ အဆင်မပြေဖြစ်နေခြင်းဖြစ်သည်။ ရှဲ့ကျစ်ဝေ့ကိုသာ သူ့(MH)ကို ဦးထုပ််စိမ်းဆောင်းပေးသွားသော “ဘေးအိမ်ကလူ” လို့ ထင်ရင်ဘယ်လိုလုပ်မလဲ? ချန်တောက်ရှို့လို မိန်းမတစ်ယောက်၏လှည့်စားခြင်းကို ခံရပြီးနောက်၊ ဤသည်မှာ ဇာတ်လိုက်၏ အကြီးမားဆုံး တားမြစ်ချက်ဖြစ်သည်။

ရှဲ့ကျစ်ဝေ့သည် သူ့အမူအရာကို ချက်ချင်းပြင်လိုက်ပြီး အဘွားအိုကို လမ်းဖြတ်ကူးရန် ကူညီပေးနေသလို လေးနက်သော အမူအရာကို ပြောင်းသွားသည်။  သူသည် ကောင်းကင်သို့ အသံမထွက်ဘဲ လှမ်းကြည့်လိုက်ပြီး သုံးလှမ်းအကွာသို့ ခုန်လိုက်သည်။  "ဒီညံ့ဖျင်းတဲ့ တာအိုဆရာ မရည်ရွယ်ပါဘူး၊ ရုတ်တရက် ဖြစ်သွားတာပါ။"

သို့သော် ချန်တောက်ရှို့သည် ပို၍သာ တက်ကြွလာကာ သူမလည်း လိုက်ခုန်လိုက်သည်။ သူမသည် အိမ်ခေါင်မိုးအစွန်းပေါ်တွင် ထိုင်ချလိုက်ပြီး မော့ကြည့်ရင်း လက်တစ်ဖက်ကို သူမပါးပြင်ကို ပျင်းရိစွာ အုပ်လိုက်သည်။  "တာအိုဆရာလေးက မှားမှန်းသိမှတော့ တာဝန်ယူသင့်တာပေါ့။"

သူမ၏မျက်လုံးများသည် ဆောင်းဦးရေကဲ့သို့ ကြည်လင်နေကာ ယောက်ျားများကို နူးညံ့လာအောင်လုပ်နိုင်သော အမျိုးသမီးမျိုး ဖြစ်သည်။  ဆန့်ကျင်ဘက်အားဖြင့် ရှဲ့ကျစ်ဝေ့က တင်းမာသွားသည်။  'ဘာကိုတာဝန်ယူရမှာလဲ? ခြေတစ်လှမ်းတည်းနဲ့ ကိုယ်ဝန်ရအောင် လုပ်လိုက်တာလည်း မဟုတ်ဘူး။ အမကြီး၊ ဇာတ်လိုက်က ငါတို့အောက်မှာ သူ့အဖေကို အသိအမှတ်ပြုနေတုန်း လူကို ရန်လာမစပါနဲ့အုံး။ အဓိကဇာတ်ဝင်ခန်းမှာ နည်းနည်းလောက် ပိုလေးနက်လို့ မရဘူးလား?'

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now