Ch.(116) သွေးသား / ေသြးသား

2.1K 281 2
                                    

Unicode

အမွေဆက်ခံသူက နတ်ဆိုးဂိုဏ်းဝင် သွေးနှောတဲ့လား?

'F**k၊ ကိုးပြည်ထောင်ဘုရင်က ဘာလို့ ဒီရောက်လာတာလဲ!?'

ရှဲ့ကျစ်ဝေ့က မုဟဲကို အံ့အားသင့်စွာ ကြည့်လိုက်သော်လည်း မုဟဲ၏ မျက်လုံးများမှာ ရှုပ်ယှက်ခတ်နေကာ ပြူးကျယ်သွားသည်။ သူလှည့်ပြီး ဘာမှမပြောပေမယ့် မဟာဝီရခန်းမဘက်ကိုတော့ မျက်လုံးမှေးကြည့်နေသည်။ ဘုရင်ကြီးနှင့်အတူ လူတစ်စုခန်းမထဲမှ ထွက်လာကြသည်။ သူ့ရဲ့ ထင်ပေါ်လှတဲ့ နဂါးဝတ်ရုံကြောင့်သာ မဟုတ်ပါက လူအုပ်နှင့်မခြားလှပေ။ ရှဲ့ကျစ်ဝေ့လွန်စွာ လမ်းပျောက်သွားတော့သည်။ 'ငါလူး၊ မင်းပြောတော့ မင်းအဖေနဲ့ ဆွေးနွေးခဲ့တယ်ဆို? ဘာအကြောင်း ဆွေးနွေးခဲ့တာလဲ? သူ့မျက်နှာက ဘာလို့ ပိုဆိုးလာတာလဲ!?'

သို့သော် ရှဲ့ကျစ်ဝေ့ လူအုပ်ရှေ့သို့ လှမ်းကြည့်လိုက်သောအခါ သူ၏ပဟေဠိများက အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အဖွဲ့ကို ဦးဆောင်သူမှာ ရွှင်မြူးနေသော ယင်စန်းရှန်းပင်။

'ဘာလို့အဲ့ကောင်လဲ? သူအခုတလော ဇာတ်ကွက်တွေအများကြီး ရနေပေမယ့် မူရင်းဝတ္ထုမှာကျတော့ ခုန်ပေါက်နေတာ မတွေ့ရပါဘူး?' တာအိုဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဂိုဏ်းများသည် အန္တရာယ်မှ လွတ်ကင်းပြီး ခန်းမထဲတွင် လူရေတွက်နေကြဆဲဖြစ်သော်လည်း ၎င်းတို့ရောက်ရှိချိန်တွင် အံ့သြသင့်စွာ မျှော်ကြည့်နေကြသည်။

တုရှန်းက "အရှင်မင်းကြီး?"

ကိုးပြည်ထောင်ဘုရင်က တုရှန်းကို ခေါင်းညိတ်ပြသည်။ "ဆရာကြီး၊ ကျုပ်တို့ ဒုက္ခပေးမိပါပြီ"

တပည့်အနည်းငယ်သည် ချုကျစ်ရှစ်ကို တံစက်မြိတ်အောက်တွင် ဂရုတစိုက်ချလိုက်သည်။ အချိန်အတော်ကြာ သတိလစ်မေ့မြောသွားပြီးနောက် သူ့မျက်နှာမှာ ဖြူဖျော့နေပြီး တစ်ကိုယ်လုံး သွေးများဖြင့် ပြည့်နေသည်။ ယင်စန်းရှန်း၏ အပြုံး ချက်ချင်းရပ်သွားပြီး "မြို့သခင်ချု ဘာဖြစ်သွားတာလဲ?"

ဘယ်သူမှပြန်မဖြေ။ လေးလံသောမျက်နှာဖြင့် ရန်ကျစ်ဖေးသည် သွေးထွက်ခြင်းကိုရပ်တန့်ရန် ရှကျစ်ချီနှင့်သာ အလုပ်ရှုပ်နေခဲ့သည်။ ချုကျစ်ရှစ်သည် ယခင်က ဒဏ်ရာများစွာရရှိခဲ့ပြီး သူ့တွင် အသုံးမဝင်သော လက်တစ်ဖက်ရှိတာတောင် တပည့်များရှေ့တွင် တင်းမာသည့် ပုံစံသာပြခဲ့သည်။ ပြင်ပလူများက သူဤမျှထိ ဖရိုဖရဲဖြစ်တာကို မမြင်ဖူးကြပေ။ သူ၏ ကောင်းကင်နေမြို့မှ တပည့်များအားလုံးသည် နီရဲနေသော မျက်လုံးများဖြင့် တိတ်ဆိတ်နေကြသည်။ ဒါပေမယ့် သူတို့ရဲ့ မျက်ဝန်းတွေက မျက်ရည်တွေ ဝိုင်းလာတဲ့အတွက် တခွန်းမှ မပြောကြပေ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now