Ch.(4) တပည့်လက်ခံခြင်း / တပည့္လက္ခံျခင္း

8.5K 1.1K 54
                                    

Unicode

ဇာတ်လိုက်ကလက်ထဲမှာ၊ ကမ္ဘာကြီးကငါ့လက်ထဲမှာ

'အမျိုးသမီးဇာတ်လိုက် ဖြစ်မဖြစ်၊ အဲဒါက အရေးမကြီးတော့ဘူး။ ဒါက လူ့အသက်နဲ့ သက်ဆိုင်တယ်။ ဒါပေမဲ့... ဒီနှစ်ယောက်လုံးက စာအုပ်ထဲက ဇာတ်ကောင်တွေသာသာပဲ။ သူတို့ကို လူသားလို့ရော သတ်မှတ်လို့ရရဲ့လား?'

ရှဲ့ကျစ်ဝေ့ သည် ဓားကို ကုန်းပေါ်ပြန်ဆွဲတင်ရင်း ပျို့အန်ခြင်းကို ခက်ခက်ခဲခဲ သည်းခံထားနိုင်ခဲ့သည်။ သူ့ပုံသဏ္ဍာန်ကို ထိန်းသိမ်းဖို့အတွက် မတ်တတ်ရပ်ခိုင်းပြီး "ဘာဖြစ်တာလဲ"ဟု မေးလိုက်သည်။

စနစ်၏ ကန့်သတ်ချက်များအောက်တွင် ရှိနေသရွေ့ ဒေါသဖြစ်ရန် မဖြစ်နိုင်ပေ။ သူ့လေသံမှာပင် အနည်းငယ် ဂရုမစိုက်ဘဲ ဖြစ်နေသည်။

ဒါပေမယ့် မုဟဲက ရေရွတ်ရင်း ပါးစပ်တွန့်သွားပြီး "အကြီးအကဲ ကျွန်တော့်ကို အပြစ်ပေးမလို့လားဟင်။ အဲ့ကောင်မလေးက မလာချင်လို့ သူ့ကိုဆွဲရင်း မတော်တဆ ... ကျွန်တော် အကြီးအကဲအတွက် အဆင့်မြင့် တပည့်တစ်ယောက် ဆုံးရှုံးအောင် လုပ်မိလိုက်တဲ့အတွက် ကျွန်တော့်ကို အပြစ်ပေးလို့ ရပါတယ်..."

ရှဲ့ကျစ်ဝေ့ သည် ပြောစရာစကားပျောက်ရှသွားသည်။ 'ငါက မင်းကို ဘာလို့ အပြစ်ပေးရမှာလဲ။ အဲဒါ မင်းမိန်းမလေ။ မင်းလုပ်ချင်တာ သာလုပ်! ဒါပေမယ့် မင်းကဘာလို့အနိုင်ကျင့်ခံနေရတဲ့ချွေးမလို လုပ်နေရတာလဲ။ မင်းကိုယ်မင်း ဇာတ်လိုက်ဆိုတာ မေ့နေတာလား အစ်ကို။'

'အမျိုးသမီးဇာတ်လိုက် ရဲ့ဘဝနဲ့သေဆုံးမှုက မရေမရာဖြစ်​​နေပြီ။ အနာဂတ်မှာသွားရမယ့် ဇာတ်ကွက်တွေကတော့... သူ့အတွက် တခြားမိန်းမကို ဘယ်မှာရှာရပါ့။'

မုဟဲ သည် အဆက်မပြတ် အော်ဟစ်ဆဲဖြစ်သည်။ "အကြီးအကဲ ကျွန်​တော့်ကို အပြစ်ပေးနိုင်ပေမယ့် ကျေးဇူးပြုပြီး ကျွန်တော့်ကို မနှင်ထုတ်လိုက်ပါနဲ့..." ရှဲ့ကျစ်ဝေ့ သည် မျက်ရည်များလား ရေစက်များလား မပြောနိုင်သော်လည်း ရွှန်းလဲ့သော မျက်လုံးများဖြင့် သူ့အား မော့ကြည့်လာသည်။ ထိုမျက်လုံးများ၏ အကြည့်များကို ရှင်းရှင်းလင်းလင်း သိလိုက်သောကြောင့် ရှဲ့ကျစ်ဝေ့ ၏နှလုံးသားလေး တုန်လှုပ်သွားခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now