Ch.(27) အတိတ် / အတိတ္

3.4K 539 4
                                    

Unicode

ဖြူစင်တဲ့လူတစ်ယောက်က xxxလုပ်ပြီး အစော်ကားခံရမှာထက် ကိုယ့်ကိုကိုယ်ပဲသတ်သေလိုက်မှာ!

(T/N; 28ကနေ31ထိက မင်ခုန်းတို့နောက်ကြောင်းမို့ မနက်ဖြန် 4ပိုင်းလုံးတင်ပေးပါမယ်နော်~)

ရှဲ့ကျစ်ဝေ့ သည် အနည်းငယ် မကျေမနပ်ဖြစ်ကာ သက်ပြင်းချလိုက်သည်။  "မင်းကို ပုန်းနေဖို့ ပြောခဲ့တယ် မဟုတ်လား" 'ပင်ပန်းလိုက်တာ။  ငါ့ရဲ့တကိုယ်တော်ပြကွက်လေးတောင် အရင် ပြီးအောင်မပြရဘူးလား?'

မင်ခုန်းက မုဟဲကို စိုက်ကြည့်ရင်း သူ့လက်ထဲက စာရွက်ကို အပိုင်းပိုင်း ဆုတ်လိုက်သည်။ "မင်း နဉ့်ထင်အပေါ်အရမ်းအကောင်းမြင် လွန်းနေပြီ။  သူသေတာနဲ့ လန်ရှို့နဲ့ ဘာဆိုင်လို့လဲ? လန်ရှို့အဲ့တုန်းက သူ့ကို ချောက်ကမ်းပါးပေါ်မှ တွန်းချခဲ့တုန်းက မျက်တောင်တောင်မခတ်ဘူး။”

လရောင်အောက်မှာ သူ့မျက်လုံးထဲမှာ ဒေါသတွေ တောက်နေသည်။

“ရှစ်စွမ်း.…” မုဟဲသည် ရှဲ့ကျစ်ဝေ့ ၏နောက်ကွယ်တွင် ပုန်းပြီး ကြောက်ရွံ့သွားခဲ့သည်။

'ဟန်ဆောင်နေလိုက်၊ ဇာတ်လိုက်ရေ၊ မင်းဘာတွေကြံစည်နေလဲ ဘယ်သူသိမလဲ?' ရှဲ့ကျစ်ဝေ့က ဥယျာဉ်ကို ငေးကြည့်ရင်း ခေါင်း ပွတ်သပ်ကာ အလိုက်သင့်ကစားနေသည်။  "ဂိုဏ်းခေါင်းဆောင်နဉ့်ကို သတ်တုန်းကလည်း သူဒီလိုပဲလား။"

မင်ခုန်းက ရယ်မောပြီး စာရွက်အပိုင်းအစတွေကို သူ့ခြေရင်းမှာ လွှင့်ပစ်လိုက်ပြီး အတော်လေး ရွံရှာနေပုံပေါ်သည်။  ဒါဟာ အနည်းနဲ့အများ ပြတ်ပြတ်သားသား ဝန်ခံခြင်းပါပဲ။

ရှဲ့ကျစ်ဝေ့ကမေးလိုက်သည်။ "သက်ရှိတစ်ယောက်ကို လမ်းလျှောက်နေတဲ့ အလောင်းကောင်အဖြစ် ပြောင်းသွားအောင် ဘယ်လိုနည်းလမ်းတွေ သုံးခဲ့တာလဲ"

မင်ခုန်းက သူ့မျက်လုံးထဲမှာ တဒင်္ဂတုန်ယင်နေပေမဲ့ ငြင်းလိုက်သည်။  "သူဘယ်လိုလူသေဖြစ်ရမှာလဲ?  သူက စားနိုင်၊ အိပ်နိုင်တယ်၊ ငါ့ကို ကျေနပ်အောင် ဘယ်လိုလုပ်ရမှန်းတောင် သိတယ်!  အခု သူ့ရဲ့ လှုပ်ရှားမှုတွေရော အတိတ်ကနဲ့ ဘာများကွာခြားလို့လဲ? စန်းယွင်ဓားဂိုဏ်းမှာ လွန်ခဲ့တဲ့နှစ်တွေက ဘယ်သူကများ သတိထားမိလို့လဲ?"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now