Ch.(110) အားနည်းချက် / အားနည္းခ်က္

2K 343 7
                                    

Unicode

အတိတ်က အရာအားလုံးကို မှတ်မိသွားပြီ

ကိုးပြည်ထောင်ဘုရင် သို့မဟုတ် အခြားမည်သူ့ကိုမျှ ပြဿနာမတက်စေရန်အတွက် ရှဲ့ကျစ်ဝေ့နှင့် သူ့အဖွဲ့သည် မြို့စွန်ရှိ ဆိုင်ငယ်တစ်ခုတွင် အခြေချရန် မြို့တော်မှ ခေတ္တထွက်ခွာခဲ့ကြသည်။ လမ်းတွင် ရှဲ့ကျစ်ဝေ့နှင့် ရန်ကျစ်​ဖေးတို့ အပြန်အလှန် သတင်းဖလှယ်ခဲ့ကြသည်။

သို့မှသာ ဤမုန်တိုင်းသည် မတော်တဆမဟုတ်ကြောင်း သူသိခဲ့ရသည်။

ချုကျစ်ရှစ်သည် ကြွေလွင့်ပန်းမြို့တွင် ပျောက်ဆုံးသွားခဲ့ပြီး သူ့တပည့်များက သူ့ကို နှစ်ရက်ဆက်တိုက် စိတ်အားထက်သန်စွာ လိုက်ရှာခဲ့ကြသည်။ ထက်မြက်သူအချို့သည် ၎င်းတို့၏ရှစ်စွမ်းမှာ သူတို့နှာခေါင်းအောက်မှ ထွက်သွားဖို့နေနေသာသာ ဤမျှပြင်းထန်စွာဒဏ်ရာမရဖူးသောကြောင့် တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိကြသည်။ နောက်တော့ သိုင်းပညာတွင် သူတို့ရှစ်စွမ်းထက်မနိမ့်သော သေခြင်းမှ ပြန်ရောက်လာပုံရသည့် အာ့ရှစ်ရှုပင်။ ဒီလိုမျိုး ပုံမှန်မဟုတ်တဲ့ အခြေအနေတွေအောက်မှာ သူတို့ဂိုဏ်းဆီ အမြန်ပြန်သွားပြီး စကားတစ်ခွန်းမှမချန်ကာ ရန်ကျစ်ဖေးကို အကုန်ပြောပြလိုက်သည်။

ရန်ကျစ်ဖေး ကြားလေလေ၊ အသံက ပိုထူးဆန်းလေလေပါပဲ။ ချုကျစ်ရှစ် လက်ကျိုးသွားသည့်အချက်ကို ဘေးဖယ်ထားအုံး၊ “အာ့ရှစ်ရှု” ဆိုသည့် အဆက်မပြတ်ပြောနေသည့်စကားသည် မယုံနိုင်လောက်အောင်ပင်။ သူ တုံ့ဆိုင်းနေဆဲဖြစ်သော်လည်း မေးမြန်းစုံစမ်းရန် ရှကျစ်ချီကို တောင်ပေါ်မှ စေလွှတ်ရန် စဉ်းစားလိုက်သည်။ မမျှော်လင့်ဘဲ တစ်နေ့မှာ လူတစ်ယောက်က သူတို့ရဲ့ တောင်တံခါးဝကို ဓားတစ်ချောင်း ဝင်ရောက်လာသည်။ ၎င်းတွင် ချုကျစ်ရှစ်ဘယ်လို ကိုးပြည်ထောင်ဘုရင်၏ အိမ်တော်မှာ ချုပ်နှောင်ခံထားရကာ အသက်အန္တရာယ်ရှိနေပုံကို အကြမ်းဖျင်းဖော်ပြသည့် စာရွက်တစ်ရွက်ပေါ်တွင် ချိတ်ဆွဲထားသည်။ တကယ့်ကို "ရှဲ့ကျစ်ဝေ့" ဟု ရေးထိုးထားသည်ပင်။ ၎င်းသည် သူ၏လက်ရေးလုံးဝမဟုတ်သော်လည်း ရန်ကျစ်ဖေး၏ သံသယများကြီးထွားလာသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now