Ch.(45) အချိန်ဆွဲခြင်း / အခ်ိန္ဆြဲျခင္း

2.6K 459 15
                                    

Unicode

ငါ့လို မြင့်မြတ်တဲ့ သူတစ်ယောက်အတွက်၊ ပိုက်ဆံက ဖုန်မှုန့်ပဲ။ ငါတို့ လိုချင်တာ စတိုင်လ်နဲ့ ဟန်ပန်ပဲကွ။


မုဟဲ၏ပါးစပ်သည် သူ့ပါးကိုမကိုင်မီ အသံအနည်းငယ်ထွက်လာသည်- သူ့ကိုယ်သူ မတော်တဆကိုက်မိသွားသည်။  ဆိုင်ပိုင်ရှင်သည် သကြားလုံးများ ထပ်မံပြုလုပ်ရန် အလုပ်များနေသေးသော်လည်း သူ့ပခုံးများသည် ထိန်းမနိုင်သိမ်းမနိုင် တုန်ခါနေသည်။ ရှဲ့ကျစ်ဝေ့က မုဟဲကို ငုံ့ကြည့်ရင်း၊ 'အံ့သြသွားတယ်မလား? ကျေနပ်သွားတယ်မလား? ဆရာကမင်းကို ဒီအထိပဲကူညီပေးနိုင်တော့တယ်နော်။'

ချုံးကျိုးယွင်သည် ရှဲ့ကျစ်ဝေ့ကို ဆုံးမရင်း မုဟဲ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။  “ပေါက်ပေါက်ရှာရှာ၊ ဒါဒီအစေခံရဲ့တူလေးကို၊ တာအိုဆရာလေး ကလေးသူငယ်တွေကို အကျင့်ပျက်အောင် မလုပ်သင့်ဘူးအို။"

မုဟဲသည် ချုံးကျိုးယွင်၏ အုပ်ချုပ်မှုအောက်တွင် ပူးပေါင်းကာ ခေါင်းညိတ်လိုက်သည်။ သူတို့၏အကြည့်များ ဆုံတွေ့ကြသော်လည်း တုန်လှုပ်ချောက်ချားခြင်း သို့မဟုတ် ချစ်ခင်တွယ်တာမှု အနည်းငယ်မျှပင် မရှိခဲ့ပေ။ မုဟဲက "ရှစ်စွမ်း၊ ဒေါ်လေးယွင်က ကျွန်တော့်အကြီးပါ။" လို့တောင် အလေးအနက်ပြောခဲ့သည်။

ရှဲ့ကျစ်ဝေ့က သူ့လည်ချောင်းကို ရှင်းပစ်လိုက်သည်။  "မင်းတို့နှစ်ယောက် ဘာတွေတွေးနေတာလဲ။ ဒီဆင်းရဲတဲ့ တာအိုဆရာက ကျွန်တော့်တပည့်အသက်အရွယ် ဝန်းကျင်ရှိတဲ့ လူတစ်ဦးကို ရှာဖို့ပြောတာ။ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ဝန်းကျင်က သူတစ်ယောက်ထဲမှ မဟုတ်တာ။"

"Tch" ချုံးကျိုးယွင်က ပြန်ဖြေသည်။  “ဆယ့်ခြောက်နှစ်၊ အိုး… ဘာမှနားမလည်တဲ့ ကောင်စုတ်လေးတွေပဲကို။ ဘာများပျော်စရာ ကောင်းလို့လဲ?"

မုဟဲသည် ခဏတာ အထင်အမြင်သေးစွာဖြင့် ခေါင်းငုံ့ထားလိုက်သည်။ ရှဲ့ကျစ်ဝေ့သည်လည်း စိတ်ထဲတွင်သူမကို ကဲ့ရဲ့လိုက်သည်။  'မူရင်းဝတ္ထုမှာ ဇာတ်လိုက်က အဲဒီအရွယ်လေးနဲအတောင် မင်းကိုအိပ်ယာပေါ်မှာ "yamettte" လို့အော်ရတဲ့အထိ လုပ်တာဟုတ်ပြီလား!' ကောင်းကင်ကို မော့ကြည့်လိုက်တော့ နေမင်းကြီးက ခေါင်းပေါ်ရောက်နေတာ မြင်လိုက်ရသည်။ ဗုဒ္ဓဘာသာ-တာအိုဝါဒီ ညီလာခံ ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသင့်ပြီ ဖြစ်သောကြောင့် တာအိုဝါဒီများနှင့် ဗုဒ္ဓဘာသာဝင်များ အချင်းချင်း ဆွေးနွေးငြင်းခုံနေကြလောက်ပြီ ဖြစ်သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now