Ch.(105) အစားထိုး / အစားထိုး

2.2K 391 15
                                    

Unicode

ကားမရပ်သေးပါ!

ရှဲ့ကျစ်ဝေ့သည် သူ့အား စနစ်မှနှလုံးသားမဲ့စွာ သုံးရက်လုံးလုံး ချိတ်ဆက်ရန် ငြင်းဆိုထားသောကြောင့် ကောင်းကင်နှင့် ငရဲကြား အတက်အဆင်းဖြစ်နေခဲ့သည်။ ပထမနေ့တွင် သူပျော်မွေ့နေသေးသော်လည်း ဝံပုလွေနက်သွေး၏အကျိုးသက်ရောက်မှုများသည် နှစ်ရက်မြောက်နေ့တွင် ပျောက်ကွယ်သွားခဲ့သည်။ သူ့နောက်ကျောက နာကျင်မှုတွေနဲ့သာ ပူလောင်လာခဲ့သည်။

ဒါပေမယ့် မုဟဲက မွေးကတည်းက အားပြည့်မြင်းတစ်ကောင်ပင်။ အခြားအရာတွေကို ဘေးဖယ်ထားလိုက်၊ Gallant Outlawမှ သူ၏ အမျိုးသမီးများနှင့် အိပ်ရာထဲတွင် တိုက်ပွဲပေါင်း တစ်ရာကျော်ကို တစ်ညတည်းဖြင့် စံချိန်ချိုးနိုင်ပုံကို အသေးစိတ်ဖော်ပြခဲ့သည်။ သူဘယ်လောက်ကြာကြာခံနိုင်မလဲ ဆိုတာ ညွှန်ပြနေစရာတောင် မလိုပါဘူး၊ သူ့အောက်က ရှဲ့ကျစ်ဝေ့ကတော့ မလှုပ်မယှက် စကားတောင် မပြောနိုင်တော့။

မုဟဲသည် ဒေါသတကြီးနှင့် တခါတရံ လှောင်ပြောင်ပြောဆိုလာသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စကားသံပျောက်ကွယ်သွားကာ ခေါင်းကိုမြုပ်ပြီး အလုပ်ကြမ်းကြမ်းသာလုပ်တော့သည်။ သုံးရက်မြောက်နေ့တွင် ရှဲ့ကျစ်ဝေ့သည် သူထိုးဖောက်ဝင်ရောက်ခံနေရသည့်နေရာကိုပင် သူ့ဟာမဟုတ်တော့ဟု စတင်ယုံကြည်နေပြီဖြစ်သည်။ သူ တကိုယ်လုံး နာကျင်ပြီး ထုံကျင်နေသည်-မူရင်းဝတ္ထုထဲက မိန်းကလေးများ၏ အတွေ့အကြုံများက သူ့အပေါ်အဆတစ်ရာ လွှမ်းခြုံသွားကာ သတိလစ်မေ့မြောသွားလိုက်၊ ပြန်နိုးလာပြီး ညှဉ်းပန်းနှိပ်စက်ခံလိုက်နဲ့ပဲ သံသရာလည်နေတော့သည်။

မှန်ထဲကလူရဲ့ပုံသဏ္ဍာန်က အနည်းငယ် ပြုံးနေသေးပြီး အပေါ်က ဖိထားတဲ့လူကတော့ လုံးဝကို ထုတ်ဖော်မပြနေပေ။

'...ထူးဆန်းလိုက်တဲ့ မြင်ကွင်း'

ထိုပြုံးနေသည့်အမူအရာမှာ မယုံနိုင်စရာပင်။ ရှဲ့ကျစ်ဝေ့သည် ယခုအချိန်တွင် sex dollထက် အနည်းငယ်သာ သာလွန်သောအရာတစ်ခုရှိဟု ခံစားမိသည်၊ ယင်းမှာ သူ မကျိုးနိုင်ပေ။ နှစ်အတော်ကြာအောင်သာ မကျင့်ကြံခဲ့ရင် ဟိုးအရင်ကတည်းက ပျက်စီးသွားပေလိမ့်မည်။ တွေဝေနေတုန်း၊ မုဟဲမှ သူ့ကိုမျက်နှာချင်းဆိုင်ဆီသို့ လှည့်လိုက်ပြီး ​အရှေ့ကနေ နောက်တဖန်ဝင်ဖို့လုပ်နေသည်။ မုဟဲ၏ မျက်လုံးများ နီရဲနေသော်လည်း သူ့နှုတ်ခမ်းများက ဖြူဖျော့နေသည်။ သုံးရက်ဆက်တိုက်အလုပ်လုပ်ခြင်းသည် အလွန်ပင်ပင်ပန်းနွမ်းနယ်လှပြီး အတုအယောင်က သူ၏ဝိညာဉ်စွမ်းအင်ကို လျင်မြန်စွာစုတ်ယူသွားနိုင်တာကိုလည်း မပြောနဲ့။ ရှဲ့ကျစ်ဝေ့က ဒီညှဉ်းဆဲမှုကြီး အဆုံးသတ်သွားဖို့ သူမြန်မြန်သုံးလို့ကုန်သွားပါစေလို့ပဲ မျှော်လင့်ခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now