Ch.(62) မြေအောက်အကျဉ်းထောင် /မြေအောက်အကျဉ်းထောင်

2.3K 440 2
                                    

Unicode

တစ်ယောက်ယောက်က ငါ့ကိုသာ မတော်တဆတွေ့သွားရင် သုံးရက်လောက်အထိ ထမင်းမစားနိုင်လောက်အောင် ရွံရှာသွားတာ။






ရှဲ့ကျစ်ဝေ့သည် တံတွေးထွေးပြီး ဒေါသတကြီး ချောင်းဆိုးလိုက်သည်။

ချုံးကျိုးယွင်က သူ့မျက်နှာကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။ "ဘာတွေ အရမ်းစိုးရိမ်နေတာလဲ"

ရှဲ့ကျစ်ဝေ့က သူ့ရင်ဘတ်ကို ပွတ်သပ်ကာ အသံကို ထိန်းထားသည်။ "သေချာပေါက် စိုးရိမ်တာပေါ့၊ ငါကရုပ်ဆိုးတာကို"

ချုံးကျိုးယွင်က ကန့်လန့်ကာကို နှိမ့်လိုက်ပြီး အဝတ်လဲခန်းထဲဝင်လာသည်။ "ဘယ်လောက်ရုပ်ဆိုးလဲ?"

လက်ရှိတွင် ရှဲ့ကျစ်ဝေ့သည် လေးနှစ်ကြာ ဝိညာဉ်စမ်းရေဖြင့် စိမ်ပြီးသွားခဲ့ပြီး အရိုးများနှင့် အသားများက အရင်နှင့်လုံးဝမတူပေ။ သူသည် သေးသွယ်ပြီး ပိန်သေးသော်လည်း လက်ချောင်းများနှင့် လည်ပင်းမှာ ပိုပျော့ပျောင်းနေပုံရသည်။ ချုံးကျိုးယွင်သည် သူသည်အချိုးအစားရော ဟန်ပန်အမူအရာပါ ပြီးပြည့်စုံသည်ဟုထင်မိပြီး သူမည်ကဲ့သို့ ရုပ်ဆိုးသည်ကို သူမမသိနိုင်ပေ။

ရှဲ့ကျစ်ဝေ့က သူ့မျက်နှာကို ဘယ်တော့မှ မြင်ခွင့်မပေးနိုင်ပေ။ ထို့ကြောင့် ခေါင်းစွပ်ကို မျက်လုံးထိစွပ်လိုက်ပြီး “ထင်မထားလောက်အောင် ရုပ်ဆိုးတယ်။ တစ်ယောက်ယောက်က ငါ့ကိုသာ မတော်တဆတွေ့သွားရင် သုံးရက်လောက်အထိ ထမင်းမစားနိုင်လောက်အောင် ရွံရှာသွားတာ။”

"တကယ်လား?" ချုံးကျိုးယွင်က မျက်ခုံးပင့်လိုက်သည်။ “အရမ်းအားနည်းတာပဲ။ လာ၊ ဟုတ်လား ကြည့်ကြည့်ရအောင်။"

"တကယ်ကြည့်ချင်လို့လား"

“တကယ်”

ရှဲ့ကျစ်ဝေ့ သူ့မျက်နှာကို အကြိမ်အနည်းငယ် ကုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "ပြန်ယားလာပြန်ပြီ။"

"အရမ်းယားနေလား?" ချုံးကျိုးယွင်က မေးသည်။ “ရေကျောက်ရောဂါကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်တာလား ဒါမှမဟုတ် တစ်ခုခုကြောင့်လား”

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now