Ch.(64) တွေ့ဆုံမှု / ေတြ႕ဆုံမႈ

2.5K 443 2
                                    

Unicode

ငါက ရုပ်ရှင်ဧကရာဇ်ပဲလေ၊ ဘာကြောက်ရမှာလဲ?



သူ့လေသံက ရှာလကာရည်တွေပြည့်နေတော့ ရှဲ့ကျစ်ဝေ့ ချွေးနည်းနည်းစို့သွားသည်။ သူမှတ်မိတာသာ မှန်ကန်ပါက၊ ကိုးပြည်ထောင်ဘုရင်က မုဟဲကို နှလုံးသားထဲကနေ ချစ်မြတ်နိုးပြီး တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ပြုစုစောင့်ရှောက်ခဲ့သည်။ သူ့ကိုယ်သူ သေနေတဲ့လူနဲ့ နှိုင်းယှဥ်ရလောက်တောင် ဘယ်လောက်တောင် စိတ်မချမ်းသာရတာလဲ?

မူရင်းဝတ္ထုတွင်၊ ကိုးပြည်ထောင်ဘုရင်သည် မုဟဲက ရှဲ့ကျစ်ဝေ့ အပေါ် ကျေးဇူးတရားများ ပြန်အမှတ်ရသည့်အခါတိုင်း ခံစားချက်အမျိုးမျိုးကို ခံစားရမည်ဖြစ်သည်။ ဒါပေမယ့် ဇာတ်လိုက်က "ရှဲ့အကြီးအကဲက ကောင်းတယ်ဆိုပေမယ့် ခမည်းတော်ရဲ့ ကျေးဇူးက ပိုကြီးပါတယ်" "တော်ဝင်ခမည်းတော်နဲ့ ကမ္ဘာပေါ်က ဘယ်အရာကမှ နှိုင်းယှဉ်လို့ မရပါဘူး" လို့ သူ့အဖေကို ချော့တတ်ပြီး ထိုလူကြီးပျော်သောအခါ သူ့လက်ထဲကို ငွေ၊အာဏာ အကုန်ထည့်ပေးသည်။ ဤသည်မှာ ဇာတ်လိုက်၏မျက်နှာသာရရှိရန် နောက်ထပ်အခွင့်အရေးတစ်ခုဖြစ်သည်၊ ထို့ကြောင့် သူသည် ပျားရည်ဆွတ်သောစကားများပြောတတ်သည့် ကျွမ်းကျင်မှုကို သေချာစွာအသုံးချမည်ဖြစ်သည်။

မုဟဲသည် ဝါးပင်ကို စောင်းကြည့်လိုက်သည်။ မနက်ခင်းအလင်းရောင်အနည်းငယ်သည် ည၏နောက်ဆုံးအရောင်ကိုဖြတ်၍ ထိုးဖောက်ဝင်ရောက်ကာ မီးခိုးရောင်ဖြင့် လွှမ်းခြုံထားသည်။ သူ့မျက်လုံးများသည် တစ်စက္ကန့်မျှသာ တောက်ပသွားပြီး လှိုင်းလုံးများညိမ်သော ရေအိုင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ရှဲ့ကျစ်ဝေ့သည် ကျောက်တုံးအချို့နောက်ကွယ်တွင် ပုန်းရှောင်နေချိန်တွင် အချိန်ကုန်သွားသည်။ 'ချာတိတ်၊ မြန်မြန်ရှင်းပြလိုက်လေ။ မင်းအဖေကို ချော့လိုက်တော့။ ဘာလို့ ကောင်းကင်ကို ၄၅ဒီဂရီနဲ့ ကြည့်နေတာလဲ? မင်းက ဟယ်ကျန့်မဟုတ်ဘူး၊ မင်းကို အခုဘယ်ကင်မရာမှ ရိုက်မနေဘူးကွ!'

သို့သော် သူမည်ကဲ့သို့ ညည်းညူနေပါစေ မုဟဲက သူ့ကို မကြားနိုင်ပေ။ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်နေတဲ့ အမူအရာအဖြစ်သာ ပေါ်လွင်နေသည်။ နောက်ဆုံးတော့ ဘုရင်ကြီးက သက်ပြင်းချပြီး “ခမည်းတော် အဖြေကို သိပေမယ့် မေးနေမိသေးတယ်။ မဟုတ်ရင် မင်းလက်ဘာလို့ ကျိုးသွားရမှာလဲ? အဲ့ဒါအကုန်လုံး ရှဲ့.... ​ထားလိုက်​​ပါတော့ သူ့​အကြောင်းမ​ပြော​တော့ဘူး"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now