Ch.(53) ကံမကောင်း အကြောင်းမလှ /ကံမေကာင္း အေၾကာင္းမလွ

2.5K 491 4
                                    

Unicode

“တစ်ခါမင်းအဘိုး ဖြစ်ဖူးရင် တစ်သက်လုံး မင်းအဘိုးပဲကွ။"



မျှော်လင့်ထားသည့်အတိုင်း။

ဒီဘုန်းကြီးဟာ အမြဲတမ်း လောဘကြီးသည်။ လွန်ခဲ့သည့် လေးနှစ်က နတ်ဆိုးဂိုဏ်းက ကျူးကျော်ဝင်ရောက်လာသောအခါ ကပ်ဆိုးကြီးပြီးသည့်နောက်တောင် စိန်သုတ္တန်၏ ဒုတိယပိုင်းကို တောင်းရန် မမေ့သေးပေ။ သူသည် စာရွက်တစ်ရွက်ကိုပင် မလျှော့ပေးဘဲ ဤဆံညှပ်ဆို မပြောနှင့်။ ကံကောင်းထောက်မစွာ၊ ထန်ထိုက်မုံ့၏ အမြင်သုံးခုသည် ပုံပျက်မသွားဘဲ ပိုင်ရှင်ထံ ပြန်ပေးချင်သေးသည်။

ရှဲ့ကျစ်ဝေ့က ရှင်းရှင်းလင်းလင်းမေးသည်။ "မင်းလို မိန်းကလေးက ဘာလို့ ဗုဒ္ဓဘာသာဂိုဏ်းဝင် ဖြစ်သွားရတာလဲလို့ မေးလို့ရမလား?"

“လွန်ခဲ့တဲ့ နှစ်အနည်းငယ် စန်းယွင်ဓားဂိုဏ်း ရှိနေတုန်းက ဆရာကြီးက ညီလာခံတက်ဖို့ မြစ်တစ်စင်းကို ဖြတ်သွားပြီး မြစ်ကမ်းဘေးမှာ ရက်အတော်ကြာ သတိလစ်နေတဲ့ကျွန်မကို တွေ့ပြီးကုသဖို့ ဗုဒ္ဓဘာသာဂိုဏ်းကိုခေါ်သွားဖို့ တပည့်တွေကို တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အတိတ်မေ့သွားတော့ ဆရာကြီးက ကျွန်မကို ခေါ်သွားခဲ့တာ။”

ရှဲ့ကျစ်ဝေ့ နောက်ဆုံးတော့ သဘောပေါက်သွားသည်။ ထန်ထိုက်မုံ့ကို ​​လုံးဝ ခြားနားတဲ့လူတစ်ယောက်လို ခံစားခဲ့ရတာ အံ့သြစရာမဟုတ်ပါ၊ သူမ အတိတ်မေ့နေခြင်းဖြစ်သည်။ ဒါပေမယ့် သူမရဲ့ဇစ်မြစ်က အစထဲက ရိုးရှင်းပါသည်။ နတ်ဆိုးဂိုဏ်းသည် သူမ၏ဂိုဏ်းတစ်ခုလုံးကို သတ်ဖြတ်ခဲ့ပြီး သူမသည် ဂိုဏ်းခေါင်းဆောင်၏သမီးဖြစ်သည်။  သူမသည် ကြိုးစားလေ့လာပြီး လက်စားချေရန် တာအိုဂိုဏ်းထဲသို့ အတိအကျဝင်ရောက်ခဲ့သည်။ ကံမကောင်းစွာပဲ၊ သူမသည် အစထဲက အေးစက်စက်နှင့် အထီးကျန်ဆန်ခဲ့ပြီး ရှကျစ်ချီလို ပို၍ပင်အေးစက်ကာ ဂုဏ်ယူစရာကောင်းသော ဆရာတစ်ဦး​ရှိခဲ့သည်။ နောက်ဆုံးတွင် သူမ၏အေးစက်မှုသည် အစွန်းဆုံးသို့ရောက်ရှိသွားခဲ့သည်။

ဒါပေမယ့် တုရှန်းကတော့ မတူပါ။ ဘုန်းကြီးသည် အမြဲတမ်း ထက်မြက်ပြီး ဗုဒ္ဓရုပ်ပွားတော်လို ပြုံးပြုံးရွှင်ရွှင် နေတဲ့အတွက် အမျိုးသမီးဇာတ်လိုက်အနေနဲ့ သူ့နောက်လိုက်သောအခါ မာနကြီးဖို့ မဖြစ်နိုင်တော့ပေ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now