Ch.(126) အမှန်တရား / အမွန္တရား

1.7K 285 7
                                    

Unicode

အခြေအနေက အထွဍ်အထိပ်ကို ရောက်လာခဲ့ပြီ။

ရှဲ့ကျစ်ဝေ့ စနစ်ကိုဖွင့်လိုက်သည်။ “Gallant Outlaw၊ ငါ့ကို ဝိညာဉ်စမ်းရေ ပိုပေးဦး”

Gallant Outlaw ပြန်မဖြေခင် ခဏလောက် နှုတ်ဆိတ်နေသည်။ "Idol၊ စနစ်က ဇာတ်လိုက်ကိုတောင် ဂရုမစိုက်တော့တာ၊ မင်းသမီးကို ဂရုစိုက်မယ်ထင်လား?"

ရှဲ့ကျစ်ဝေ့ တိုးတိုးလေးသာ ပြောလိုက်သည်။ "ဒါဆိုငါတို့...သူမကို ဒီအတိုင်း သေခိုင်းလိုက်ရမှာလား?"

“ဒီမတိုင်ခင်တုန်းကလည်း ရှန်ယို့၊ မင်ခုန်း၊ သင်္ချိုင်းဓားပြတွေ၊ ပိုင်သားအဖ အကုန်လုံး သေကုန်တာပဲ။ သူတို့သေဆုံးတာအတွက်တော့ မင်းစိတ်မကောင်းဖြစ်ပေမဲ့ သူတို့ကိုကယ်တင်ဖို့ကျတော့ စနစ်ကိုသုံးဖို့ မစဉ်းစားမိဘူးလေ" Gallant Outlawလည်း စိတ်ဓာတ်ကျသွားသာ်။ "Idol၊ ကျွန်တော်လည်း မုံမုံ့သေတာကို တွေ့ရတော့ အရမ်းအံ့သြပြီး စိတ်မကောင်းဖြစ်မိပါတယ်၊ ဒါပေမယ့် မင်းတကယ်သည်းမခံနိုင်ရင် ဘာလို့ရွေးချယ်စရာ2 ကိုမရွေးတာလဲ? ဇာတ်လမ်းကို ပြန်ပြင်ပြီး နတ်ဘုရားမမုံ့ကို ပြန်ခေါ်လိုက်ပါ—”

ရှဲ့ကျစ်ဝေ့ သူပြီးအောင် မစောင့်ဘဲ စနစ်မျက်နှာပြင်ကို လက်သီးနဲ့ ထိုးလိုက်သည်။

Gallant Outlawက သူစကားမှားသွားမှန်း သဘောပေါက်သွားပြီး "Idol၊ စိတ်မဆိုးပါနဲ့အာ။ ဇာတ်ကွက်ကြည့်ဖို့ ခွင့်ပြုချက်ပေးရင်ရော…”

တကယ်တော့၊ ဒီအချိန်မှာ စနစ်ကက ဇာတ်ကွက်နဲ့ ဇာတ်လိုက်ကို စွန့်လွှတ်သွားပြီဖြစ်ပြီီး Gallant Outlaw၏ အရေးမပါသော ခွဲခြမ်းစိတ်ဖြာချက်များမှာ အနည်းငယ်သာ အသုံးတည့်မည်ဖြစ်သည်။ အခုအချိန်ကစပြီး သူ့ကိုယ်သူသာ အားကိုးရတော့မည်။ သို့တိုင်၊ ရှဲ့ကျစ်ဝေ့သည် စနစ်အား တိုက်ရိုက်မချိတ်ဆက်မီ ခွင့်ပြုချက်ပေးခဲ့သည်။ သူ ဤလူယုတ်မာစာရေးဆရာအား သူ၏ဇာတ်ကောင်များ မည်မျှ အံ့သြဖွယ်ကောင်းသည်ကို မြင်စေလိုသော်လည်း၊ ၎င်းသည် ထန်မိန်းကလေးနှင့် ဤကမ္ဘာကြီးအတွက် အလွန်မလေးစားရာရောက်မှာစိုးသောကြောင့်် Gallant Outlawနှင့် ဇာတ်ကွက်နှင့် ဇာတ်ကောင်ဆက်တင်များကို မဆွေးနွေးလိုပင်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now