Ch.(79) အကျပ်ကိုင်ခြင်း / အကျပ်ကိုင်ခြင်း

3.2K 499 15
                                    

Unicode

ရှစ်စွမ်း ဒီတပည့်အတွက်ရော တစ်ခါလောက် စဉ်းစားပေးဖူးလား?




WARNING!!⚠ (အဟမ်း ကားမမောင်း၊ လက်မပါ)

ရှဲ့ကျစ်ဝေ့က သူ့ကို တရားသဖြင့် ဆုံးမဖို့ အဆင်သင့်ဖြစ်နေပါပြီ။ မုဟဲကို မနှိုးနိုင်ရင်တောင် အနည်းဆုံးတော့ အသိစိတ်ဝင်အောင် ကူညီပေးနိုင်သည်။ ဒါပေမယ့် ပါးစပ်ကိုဖွင့်လိုက်တာနဲ့ အော်ငိုပါတော့သည်။

သူ မုဟဲကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ "မင်း...ရဲတင်းလိုက်တာ!" တစ်စုံတစ်ယောက်သည် သူ့ခြေထောက်များကြားမှ ထိုအရေးကြီးသောအရာကို ဆုပ်ကိုင်ထားသည်ကို တွေ့ရတော့ သူထိတ်လန့်သွားသည်။

"ငါ့ကို မထိနဲ့!"

ဒါပေမယ့် အဲဒါက ချုပ်ကိုင်မှုကို မတားဆီးနိုင်ခဲ့ပါ။ မုဟဲက ခေါင်းမော့ပြီး သူ့ဒေါသက ကမ္ဘာပေါ်မှာ အလှုပ်အရှားဆုံး မြင်ကွင်းလိုမျိုး မက်မောစွာ ကြည့်နေခဲ့သည်။

ရှဲ့ကျစ်ဝေ့ အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် တွန်းအားပေးလိုက်သည်။ "ဆရာ့စကားကိုတောင် နားမထောင်တော့ဘူးလား?"

မုဟဲသည် ချက်ချင်းပင် ရိုရိုသေသေဖြင့် ခြေတစ်လှမ်းဆုတ်ကာ လေထဲသို့ လက်ကို မြှောက်လိုက်သည်။ "ရှစ်စွမ်း တပည့် နားထောင်နေပါတယ်" ဒါပေမယ့် သူ့အကြည့်တွေက ဖုံးကွယ်ထားတဲ့ လိမ္မာပါးနပ်မှုကို ပြသနေသည်။ အမှန်တော့၊ သူသည် ယခုအချိန်တွင် ရှဲ့ကျစ်ဝေ့ကို ရုပ်ပိုင်းဆိုင်ရာထိ မထိသေးသော်လည်း သူ့ခြေထောက်များကြားမှ ခံစားချက်က ရှိနေသေးသည်။ ယခင်က ရင်းနှီးစွာ ဆုပ်ကိုင်ထားခဲ့သော အရာသည် သံသယဖြစ်စရာကောင်းစွာ အထိခိုက်မခံဆုံး ထိပ်ဖျားကို ငှက်မွှေးဖြင့် ရိုက်ခတ်နေသလိုမျိုး အရှေ့အနောက် ရွေ့လျားလာတော့သည်။

ဤသည်မှာ ကြာနက်၏ လှုပ်ရှားမှုဖြစ်သည်။

ကြာနက်သည် လူတစ်ဦး၏ ဝိညာဉ်အပေါ် တိုက်ရိုက် သက်ရောက်နိုင်သည်။ မင်ခုန်းနှင့် ရှဲ့ကျစ်ဝေ့၏ "ချီယန်" အတုတို့ ၎င်း၏ညှဉ်းပန်းနှိပ်စက်မှုကို ခံစားခဲ့ရသကဲ့သို့၊ အသွေးအသားနှင့်ဝိညာဉ် ခြားနားချက်မှာ ကောင်းကင်နှင့်မြေကြီးနှင့်တူသည်။ ပုရွက်ဆိတ်ကိုက်လျှင် အသားသည် ယားယံခြင်း အနည်းငယ်သာ ခံစားရနိုင်သော်လည်း ဝိညာဉ်သည် နှလုံးသားကို တည့်တည့်ထိုးကိုက်သည့် ဝေဒနာကို ခံစားရမည်ဖြစ်သည်။ ဤသည်မှာ ရှဲ့ကျစ်ဝေ့ တွေ့ကြုံနေရတာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now