Ch.(38) ဒေါ်လေးယွင် / ေဒၚေလးယြင္

3.2K 488 18
                                    

Unicode

ကောင်းကင်ဘုံ (ဇာတ်ကြောင်း) လျှို့ဝှက်ချက်များ (spoilers) မပေါက်ကြားစေရ။



ချုံးကျိုးယွင် (秋重云) သည် မုဟဲ၏harem တွင် ခေါင်းဆောင်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ ထန်ထိုက်မုံ့သာ ကောင်းကင်တွင် လက်လှမ်းမမီနိုင်သော အဖြူရောင်လမင်းဆိုရင် ချုံးကျိုးယွင်သည် ရံဖန်ရံခါ ခေါင်းပေါ်၌ တောက်ပသော နေမင်းကြီးဖြစ်သည်။ သူမသည် သင့်တော်သော အိပ်ယာအဖော်နှင့် ထိပ်တန်းစီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးလည်းဖြစ်သည်။ မုဟဲသည် သူမ၏ကျေးဇူးကြောင့် ယခုဘယ်ရောက်လို့ဘယ်ပျောက်နေမှန်းမသိသော ဘော့စ်ကြီးဖြစ်တဲ့ နတ်ဆိုးဘုရင် ချီယန် (赤炎) ကို ဖယ်ထုတ်လိုက်နိုင်ပြီး နတ်ဆိုးဂိုဏ်းကို သိမ်းပိုက်နိုင်ခဲ့သည်။

အစပိုင်းတွင် ထန်ထိုက်မုံ့၏ပရိသတ်များသည် ချုံးကျိုးယွင် တစ်ဝက်တစ်ပျက်ပေါ်လာပြီး စာဖတ်သူများကို လမ်းကြောင်းပေါ်ရောက်အောင် မလုပ်ခင်အထိ အပြည့်အဝထောက်ခံခဲ့ကြသည်။ သူမတွင် Otakuများကို လှိုင်းလုံးကြီးလို ချက်ချင်းဆွဲဆောင်နိုင်ပြီး ထန်ထိုက်မုံ့နဲ့ လုံးဝကွဲပြားသော စတိုင်လ်များနှင့် စမတ်ကျသော စတိုင်ကို ပိုင်ဆိုင်ထားသောကြောင့် fanbase ထက်ဝက်ကို ရရှိခဲ့သည်။  ပို၍အရေးကြီးသည်မှာ သူမသည် အိပ်ရာထဲတွင် ကျွမ်းကျင်မှုများစွာရှိခဲ့သည်။ မုဟဲသည် ညဘက်မည်သူနှင့် သွားအိပ်ရမည်ကို မသိပါက၊ သူမကိုသာ အမြဲလိုက်ရှာနေတတ်သည်။

ဟုတ်တာပေါ့၊ မုံ့မုံ့ရဲ့ မွန်မြတ်ပြီး နတ်သမီးလေးလို နူးညံ့သိမ်မွေ့မှုဟာ ယောက်ျားတွေရဲ့စိတ်ထဲမှာတော့ နတ်ဘုရားမစံနှုန်းဖြစ်ပေမယ့် ဒေါ်လေးယွင်ရဲ့ စွဲမက်ဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုတွေကလည်း ညို့အားကြီးလှသည်။  ထို့အပြင် သူမသည် ရင်ဘတ်ကြီးရုံသာမက ကြီးမားသော ဦးနှောက်လည်းရှိသည်။ သူမ၏ “ဒေါ်လေးယွင်” အမည်ပြောင်သည် ထန်ထိုက်မုံ့၏ “မုံ့မုံ့” ကဲ့သို့ ပရိသတ်များမှပေးသော အမည်မဟုတ်ဘဲ မုဟဲကိုယ်တိုင်က ပေးခဲ့ခြင်းဖြစ်သည်။

မုဟဲ၏မိခင်သည် နတ်ဆိုးဂိုဏ်းကို ပုန်ကန်သူတစ်ဦးဖြစ်သော်လည်း သူမလွတ်မြောက်မီတွင် သူမသည် အခြားသောသူတော်စင် ချုံးကျောက်ရွှေ (秋照水) ဖြစ်ခဲ့သည်။ သူမသည် ချုံးကျိုးယွင်နှင့် သွေးသားမတော်စပ်သော်လည်း သူတို့နှစ်ဦးသည် တူညီသောမျိုးရိုးအမည်နှင့် နီးစပ်သောခံစားချက်များဖြင့် ကြီးပြင်းလာခဲ့သည်။ ချုံးကျိုးယွင်သည် အချစ်ဆိုသည်နှင့် သစ္စာတရားအားလုံးကို စွန့်လွှတ်ခဲ့သော အမတော်အား အချည်းနှီးရှာဖွေနေခဲ့သည်။  ဖြစ်နိုင်သည်မှာ မုဟဲ၏မိခင်သည် သူမ၏သူငယ်ချင်းဟောင်းကို မတွေ့ရဲခဲ့ပေ။  နောက်ဆုံးတွင်၊ သူမ၏ချစ်သူဆီမှ နှင်ထုတ်ခံရပြီး နတ်ဆိုးဂိုဏ်းဝင်သူတော်စင်ဘဝမှ မည်သူမဆို အနိုင်ကျင့်နိုင်သော အော်ပရာအဆိုတော်တစ်ဦးအဖြစ်သို့ ကျရောက်သွားခြင်းသည် ဂုဏ်ယူစရာမရှိပေ။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now