Ch.(138) Extra III

2.5K 325 17
                                    

Unicode

"ထောင်သောင်းမက တောင်ပင်လယ်တွေကိုဖြတ်ပြီး မင်းကိုအဖော်ပြုပေးမယ်"



မုဟဲမှာ ထိတ်လန့်ခြင်းမရှိသည့်အပြင် ပျော်ရွှင်နေသည်ကို ချုကျစ်ရှစ်မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။ သူက ရှဲ့ကျစ်ဝေ့ရဲ့ဝတ်ရုံလက်ကို တိတ်တဆိတ်ဆွဲကိုင်ကာ "အာ့ရှစ်ရှုန်း၊ ကောရဲ့တပည့်ကပဲ အဲ့ဒါ...အဲ့ဒါ အရမ်းများလွန်းတာလား? ဒါမှမဟုတ် ကောကပဲ အဲ့ဒါအရမ်းများလွန်းတာလား? ဒီဆေးကို မြန်မြန်စားလိုက်ပါ၊ ဒီညတော့သူ့ကို ကောရဲ့အားတွေပြလိုက်”

ရှဲ့ကျစ်ဝေ့၏ ခေါင်းထဲတွင် အနက်ရောင်လိုင်းများ ပြည့်နေ​တော့သည်။ 'ဒိန်ခဲက ဘာကိုအထင်လွဲသွားတာလဲ ဟေး? သူ​ပြောတဲ့ "အဲဒါ" ဆိုတာဘာကြီးလဲ?'

ဒါပေမယ့် သူ့ကို “မဟုတ်ဘူး၊ တကယ်က မင်းရဲ့အာ့ရှစ်ရှုန်းက အောက်ကလူပါ” လို့ ပြောလို့မရဘူးလေ ဟုတ်တယ်မလား?

ယခုမုဟဲနဲ့ သူတွဲနေပြီး သိပ်ဂရုမစိုက်ပေမယ့် သူ့(ချုကျစ်ရှစ်)လို အဖြောင့်အမျိုးသားတစ်ယောက်ရဲ့ မျက်လုံးထဲမှာတော့ အောက်မှာနေရတာ ရှက်စရာပဲလေ။ မဟုတ်ရင် သူကမုဟဲကို ဖိတဲ့သူပါလို့ ဘာလို့ဒိန်ခဲက အထင်လွဲရမှာလဲ?

ရှဲ့ကျစ်ဝေ့ သူ့ဝတ်ရုံလက်ကို အသံတိတ် ပြန်ဆွဲလိုက်ပေမယ့် ချုကျစ်ရှစ်က မလွှတ်ပေး။ "အာ့ရှစ်ရှုန်းဘာလို့ ဘာမှမပြောတာလဲ? ဝံပုလွေနက်သွေးရဲ့အစွမ်းကို မယုံလို့လား? တစ်ခါပဲသုံးကြည့်လိုက်၊ သိသွားလိမ့်မယ်"

ရှဲ့ကျစ်ဝေ့ ငိုချင်သော်လည်း မျက်ရည်ကမကျ။ 'ငါအရင်တုန်းက တစ်ခါသုံးဖူးတယ်ဟ…'

မုဟဲက အချိန်မဖြုန်းဘဲ ချုကျစ်ရှစ်နှင့် သူ့ကြားကို ပိတ်ဆို့လိုက်သည်။ "အငယ်ဆုံးရှစ်ရှု၊ ရှစ်စွမ်းနဲ့ ကျွန်တော့်အတွက် စိတ်ပူစရာမလိုပါဘူး။ အငယ်ဆုံးရှစ်ရှု သိချင်နေတယ်ဆိုရင်လည်း ကိုယ်တိုင်စမ်းကြည့်လို့ရပါတယ်"

ချုကျစ်ရှစ် မီးမတောက်ခင် ထိတ်လန့်သွားတော့သည်။ "မင်းဘာပြောလိုက်တယ်?"

ရှဲ့ကျစ်ဝေ့က "အငယ်ဆုံးရှစ်သိ၊ ငါ့တပည့်က မင်းကိုနောက်နေတာပါ၊ သိပ်ပြီး အလေးအနက်မထားပါနဲ့" ထို့နောက် သူကမုဟဲအား “ဘာလို့သူများကို သွားစရတာလဲ?”

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now