Ch.(80) သံသယများရှင်းလင်း / သံသယမ်ားရွင္းလင္း

2.9K 500 8
                                    

Unicode

သူ့ကိုဖမ်းထားတာက ငါ့ဘဝရဲ့ အကောင်းဆုံးရွေးချယ်မှုပဲ


နယ်နိမိတ်ကွင်း၏ အားအနည်းဆုံးအချက်သည် နောက်ဆုံးတွင် ကွာဟချက်တစ်ခုကို ဖော်ထုတ်လိုက်သော်လည်း ရွှေရောင်အလင်းတန်းသည် အရာအားလုံးကို မဆုတ်မနစ် တိုက်စားနေဆဲဖြစ်သည်။ ထန်ထိုက်မုံ့သည် သူမ၏နဖူးမှ ချွေးများကို သုတ်ရင်း မျက်ခုံးများကို ဖြေလျှော့လိုက်သည်။ သူမကဘေးနားက ဓားကိုထုတ်ပြီး အပေါက်ဆီသို့ ပျံသန်းဖို့ မြေပြင်ပေါ်မှ ခုန်လိုက်သည်။

ခြံဝင်းထဲတွင် ဝါးအနည်းငယ် ပေါက်နေပြီး တစ်ဝက်တစ်ပျက် ပြတင်းပေါက်များမှ လူများ၏ အရိပ်အယောင်များ ရှိနေသည်။ တစ်ဖန် သူမက “ဒါကျေးဇူးရှင်လား?” လို့ အော်လိုက်သည်။

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် မည်သူမျှ တုံ့ပြန်ခြင်း မရှိပါ။

ထန်ထိုက်မုံ့သည် မာနထောင်လွှားခြင်းမရှိ၊ နှိမ့်ချသောလေသံဖြင့် “အရှင့်သားမုဟဲ အထဲမှာ ရှိပါသလား? ကျွန်မရဲ့ ကျေးဇူးရှင်ကို အရှင့်သားက ဒီနေရာကိုခေါ်လာတယ်လို့ သိရပါတယ်။ ကျွန်မ သူ့ကိုကယ်တင်ဖို့ အလျင်လိုနေလို့ အရှင့်သားအပေါ် ရိုင်းပြမိတဲ့အတွက် တောင်းပန်ပါတယ်”

တဖန်သူမကိုဘယ်သူမှပြန်မဖြေ။

အိမ်တွင်းရှိလူသည် ရုပ်တုတစ်ခုလို ကုတင်ဘေးတွင် ထိုင်နေပုံရပြီး သူမ၏စကားများကို မကြားသလို၊ ထန်ထိုက်မုံ့သည် ပဟေဌိဖြစ်နေသော်လည်း အရွယ်ရောက်ပြီးသူတစ်ယောက်နှင့် အံဝင်ခွင်ကျဖြစ်လောက်အောင် ကျယ်ပြန့်သော ရွှေရောင်အလင်းတန်းကို သူမမြင်လိုက်ရသောအခါတွင် မတုံ့ဆိုင်းနှင့် “တောင်းပန်ပါတယ်” လို့ ပြောပြီး ပျံသန်းဖို့ ပြင်ဆင်နေသည်။

ရုတ်​တရက်​ပင်​ ​အေးစက်​​သော​လေတိုက်​မှုက သူမ​ခေါင်း​ပေါ်သို့ ရောက်လာသည်။ ဆောင်းဦးလများတွင် ရုတ်တရတ်လေပြေများတိုက်ခတ်ခြင်းမှာ ရှားသည်။ ယင်းအစား အချို့သော လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာပုံရသည်။ အဲဒီ့နောက်မှာတော့ ဝါးပင်ထဲက ကြောင်တစ်ကောင်ရဲ့ အသံကို သူမကြားလိုက်ရသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now