Ch.(74) အငြိုး / အၿငိဳး

2.1K 442 9
                                    

Unicode

ဇာတ်လိုက်က..သေချင်တယ်တဲ့လား?


လောလောဆယ်မှာတော့ ဖုန်တွေနဲ့ဖုံးနေပြီး စုတ်ပြဲနေတဲ့အဝတ်အစားတွေကို ၀တ်ထားကာ အုတ်ဂူရှေ့မှာ မထင်မှတ်ဘဲ ပစ်ချခံထားရသည်။ ဒီ့ထက်ပိုပြီး မဆုတ်ပြတ်နိုင်တော့ပေ။

ချုံးကျိုးယွင်က အတော်လေး စိတ်မကောင်း ဖြစ်ကာ တိုးတိုးလေး ငုံ့ပြောလိုက်သည်။ "ရှင့်အတွက်လည်း တကယ်ကို ခက်ခဲပါတယ်။ အခုချိန်ထိ အမှန်တရားကို ဖုံးကွယ်နေတုန်းပဲ။ ဒီညီမလေးကြောင့်မဟုတ်ရင် ကျွန်မတကယ်ကို ရင်ထဲ​ထိမိမှာပဲ" သူမသည် သူမ၏ခံစားချက်ကို လိမ်ညာနေသလားမသိသော်လည်း ပြောရင်း မျက်လုံးများကိုပင် သုတ်လိုက်သည်။

သို့သော် ရှဲ့ကျစ်ဝေ့၏ နှလုံးသားသည် မတုန်မလှုပ်။ သူပြုံးတောင် မပြုံးချင်ပေ။

ရန်ကျစ်ဖေးသည် ရှဲ့ကျစ်ဝေ့အတွက် တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်နိုင်သည်၊ သို့မဟုတ် ပိုင်ကျန့်ကျူး​အပေါ် လုံးဝစိတ်ပျက်သွားလောက်သည်။ ယခုမူ ဂိုဏ်းခေါင်းဆောင်သည် ပေါ်လာရန်ပင် ဆန္ဒမရှိတော့ဘဲ မုဟဲပွတ်သပ်နေသည့် သင်္ချိုင်းဂူရှေ့သို့သာ တိုက်ရိုက် လျှောက်သွားခဲ့သည်။

"ကျစ်ဝေ့၊ လေးနှစ်တောင်ရှိပြီ။ ငါတို့ တာအိုဂိုဏ်း နောက်ဆုံးတော့ မင်းအတွက် တရားမျှတမှုရအောင် လုပ်ပေးနိုင်ပြီ။ မုဟဲရှစ်ကျီက မင်းကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်"

“ကျေးဇူးတင်ပါတယ်၊ ဂိုဏ်းခေါင်းဆောင်ရှစ်ရှု၊" မုဟဲသည် စာလုံးသုံးခုကို ပွတ်သပ်နေဆဲဖြစ်ပြီး သူ့အသံသည် အိပ်မက်မက်နေသဖွယ် နူးညံ့နေသည်။ "ရှစ်ရှုန်း စိတ်ပျက်မှာမဟုတ်ပါဘူး"

ရှဲ့ကျစ်ဝေ့သည် အခြေအနေအောက်တွင် သူ၏တည်ရှိမှုကို သနားစရာကောင်းလောက်အောင် နှိမ့်ချနေရသော်လည်း မုဟဲကို တိတ်တဆိတ် မရယ်မောဘဲ မနေနိုင်သေးပေ။ သူသည်စကားကို အလွန်လေးလေးနက်နက်ပြောနေချိန်၌ပင် ပေါ့ပါးနေသည်။ မုဟဲကို နောက်ထပ်အနည်းငယ် ချောင်းကြည့်လိုက်ချိန်တွင် စကားသံကိုကြားလိုက်ရသည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now