Ch.(36) အပြန်ခရီး / အျပန္ခရီး

3.6K 530 6
                                    

Unicode

မဟုတ်မှ... ဇာတ်လိုက်လည်း sidestoryထဲက ထွက်သွားပြီလား။

Gallant Outlaw က ဝမ်းသာသွားတယ်။  “ကျွန်တော့်ကိုတောင်ကျေးဇူးတင်လိုက်သေးတယ်။  Idol ၊ မင်းက တကယ်ကို ဗိုက်ထဲက လှေကိုတောင် ဖောက်နိုင်တဲ့ ဝန်ကြီးချုပ်ပဲ၊ အာ"

(T/N: အလွန်စိတ်သဘောမနောကောင်းတဲ့သူကို ဆိုလိုတာပါ။)

ထိုစာဖတ်သူများ၏ ဦးနှောက်ထဲတွင် တွင်းပေါက်များ ဖြစ်လောက်အောင် ကြီးမားသော တွင်းများ ရှိသည်ဟု ရှဲ့ကျစ်ဝေ့ တွေးမိသည်။  ဒါပေမယ့် သူတို့အားလုံး ဘာကြောင့် မိန်းကလေးတွေ ဖြစ်နေကြတာလဲဆိုတာ သူနားမလည်ပေ။

“ကံမကောင်းလို့တွင်းထဲ ပြုတ်ကျသွားတယ်လို့သာ မှတ်လိုက်တော့မယ်၊ ဒါပေမယ့်…” ရှဲ့ကျစ်ဝေ့က အကြောင်းအရာကို ပြောင်းပြီး အမူအရာမဲ့သွားသည်။  "ငါမပေါက်ကွဲလို့ မင်းလွတ်သွားပြီလို့တော့မထင်နဲ့နော်။"

Gallant Outlawက ချက်ချင်း သဘောပေါက်သွားသည်။  "Idol ၊ တောင်းဆိုချင်တာရှိရင် ပြောပါ။ မင်းရဲ့roleကို ပြောင်းလဲတာ၊ ဇာတ်ကွက်ကို အတင်းအကြပ်ပြောင်းလဲတာမဟုတ်ရင် အခြားဘာမဆို အဆင်ပြေပါတယ်။”

roleများ မပြောင်းလဲခြင်းမှာ Gallant Outlaw၏ အခြေခံမူများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဟယ်ကျန့်ကို ဇာတ်လိုက်အဖြစ်၊ ရှဲ့ကျစ်ဝေ့အဖြစ် ရှဲ့ကျစ်အား သရုပ်ဆောင်စေတဲ့အထိ စိတ်ကူးမယဉ်နိုင်လောက်အောင် စွဲလမ်းနေသောကြောင့် ဖြစ်သည်။ ဒါပေမယ့် ရှဲ့ကျစ်ဝေ့ နားမလည်တာက ဘာကြောင့်ဇာတ်ကွက်ကို မပြောင်းနိုင်တာလဲ။  ဒါသူ့ရဲ့ မူလတောင်းဆိုချက်ပဲ။

"ဘာလို့ ဇာတ်လမ်းကို မပြောင်းနိုင်တာလဲ။ ​ထန်ထိုက်မုံ့ကောင်းကင်ကနေ ပြုတ်ကျပြီး ဇာတ်လိုက်နဲ့လက်တွဲဖို့ အရမ်းခက်နေလို့လား။ မင်းရဲ့ အတွေးအခေါ်တွေ ထပ်ပြီးမမေးပါရစေနဲ့တော့ ဟုတ်ပြီလား?"

ရှဲ့ကျစ်ဝေ့၏ ပြင်းထန်သော မေးခွန်းများကြားမှ Gallant Outlawသည် ရိုးရှင်းစွာပြောလိုက်သည်။ "Idol၊ ဒါက ကျွန်တော်ရဲ့ အတွေးအခေါ်နဲ့ ဘာမှမဆိုင်ပါဘူး။ အမှန်အတိုင်းပြောရရင် ထန်ထိုက်မုံ့offlineသွားတုန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေလုနီးပါးပဲ။ ဒါပေမယ့် ဇာတ်ကြောင်းကို မပြောင်းဘဲ Systemကိုပဲ ဆက်လည်ပတ်နိုင်တယ်လေ။ မဟုတ်ရင် Systemရှိစရာ အကြောင်းတောင်မရှိတော့ဘူး။ ထုတ်လွှင့်ပြီးသား ဒရာမာဇာတ်ကားကို ကြည့်ရှုသူတွေ မကြိုက်လို့ ဇာတ်ကွက်ကို ပြန်ရိုက်မယ်ဆိုရင် သဘောတူပါ့မလား?"

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now