Ch.(100) လှည့်ကွက် / လွည့္ကြက္

1.9K 369 1
                                    

Unicode

"အရှုံးမပေးနဲ့"

ဖယောင်းတိုင်မီးသည် တခဏချင်း လွင့်ထွက်သွားတော့မလို အိမ်ထဲသို့ ဝင်ရောက်လာသော လေပြေလေညင်းကြောင့် တဖျပ်ဖျပ်ယိမ်းယိုင်နေသည်။ ထိုငါးအသားအနည်းငယ်နှင့် မုဟဲ၏တစ်ကိုယ်လုံးကို မွှေနှောက်နိုင်သည်။ သူ့အင်္ဂါများတစ်လျှောက် ဝိညာဥ်စွမ်းအားများ ပျံ့နှံ့သွားချိန်တွင် ကြာပန်းသုံးမျိုးသည် သူ၏နတ်အသိဉာဥ်ထဲတွင် အကာအကွယ်ရောင်ဝါကို တစ်ချိန်တည်း ထုတ်လွှတ်လိုက်သည်။ ခဏကြာတော့ မုဟဲ၏ ခန္ဓာကိုယ်သည် အလင်းရောင်ဖြင့် လွှမ်းခြုံပြီး ဒေါသနှင့် ပရမ်းပတာ အသွင်ဆောင်လာသည်။ သို့သော် သူကတော့ အလောင်းကောင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေ၏။

သူ ရှဲ့ကျစ်ဝေ့ကို စိုက်ကြည့်ပြီး "ရှစ်စွမ်း...ပြောသမျှ....အဟွတ်... တပည့်ယုံပါ့မယ်..."

'မင်း ကိုယ့်ကိုသတ်ချင်ရင်တောင်'
(T/N, မုဟဲအတွေးထဲမှာပဲ မင်းနဲ့ကိုယ်လို့ သုံးပါအုံးမယ်နော်.သူအပြင်မှာ မခေါ်ရဲသေးဘူး><)

တစ်ခဏအတွင်း သူပြန်မမွေးဖွားမီ တစ်ရက်အလိုကို ပြန်ရောက်သွားသလိုပင်။ ထိုနေ့တွင် ချန်​တောက်ရှို့ကျွေးသော ဟင်းချိုတစ်လုတ်သောက်ပြီးနောက် သူ ဖျားနေခဲ့သည်။ နောက်တော့ သူ ဘယ်တော့မှ ပြန်ကောင်းမလာခဲ့။ ၎င်းသည် သူ့ဘဝတွင် သည်းမခံနိုင်ဆုံးသော အရိပ်မည်းဟု သူထင်ခဲ့ဖူးသည်။ ရုန်းကန်ပြီး အသက်ရှင်နေသရွေ့တော့ မျှော်လင့်ချက်ရှိနေတုန်းပါပဲ။ မွေးဖွားလာပြီးချင်း သူတွေ့ခဲ့တဲ့ ရှစ်စွမ်းကို သူ့မျှော်လင့်ချက်လေးအဖြစ် သတ်မှတ်ခဲ့ပေမယ့် သူတို့တွေ့ပြီး နှစ်လလောက်အကြာမှာတော့ အဆိပ်နဲ့ သေဆုံးလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။

ကံကြမ္မာက လှည့်စားတတ်လိုက်တာ..

နောက်ပိုင်းတွင် သူတမလွန်တွင် ရှစ်စွမ်းကို အဖော်ပြုပေးရန် စီစဉ်ခဲ့သော်လည်း ရှစ်စွမ်းသည် မမျှော်လင့်ဘဲ အသက်ပြန်ရှင်လာခဲ့သည်။ ယခုလည်း ဖြစ်နိုင်သမျှ နည်းမျိုးစုံဖြင့် သူ့အား စိတ်ကျေနပ်အောင် ကြိုးစားပြီးနောက်၊ ရှစ်စွမ်းက သူ့ကို သတ်ပစ်ချင်နေတယ်....ထိုအဆိပ်ပြင်းသော အမျိုးသမီးကဲ့သို့ပင်၊ သူ့နှုတ်ခမ်းပေါ်သို့ ဆိုးရွားသော အရာတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကျွေးခဲ့သည်။

Too Bad Master Died Early [Mm translation] {Completed}Where stories live. Discover now