Ch.(139) Extra IV (Unicode)

3.6K 334 19
                                    

"နောက်ဘယ်တော့မှ ညှိုးသွားမှာမဟုတ်တော့ဘူး"


နွေဦးအစာပိုင်းတွင်...။

လေနုအေးမှာ နွေးထွေးနေပြီး ဆွေ့ဟန်ကျွီပတ်လည်တွင် ဝါးရွက်စိမ်းစိမ်းများ တောက်ပနေလေသည်။ အဝေးမှလီတစ်ထောင်ကွာဝေးသော ထိပ်သီးမြို့သည် သေမျိုးဘုံမှကျော်လွန်နေသော နတ်သမီးနယ်​မြေကဲ့သို့ပင် မြရောင်သန်းနေသည်။

ဆွေ့ဟန်ကျွီအတွင်းမှာတော့.…

"ဟမ်၊ ငါဖျားတာတို့ ဒဏ်ရာရတာတို့မှ မဟုတ်တာ၊ မင်းဘာလို့ ဝိညာဉ်စွမ်းအင်တွေ ပို့ပေးနေတာလဲ?" ရှဲ့ကျစ်ဝေ့က သူ့နောက်ကျောကို လက်ဖဝါးဖြင့်ဖိထားရင်း ဝိညာဥ်စွမ်းအင် တွန်းပို့နေသော မုဟဲကို သံသယရှိစွာ ကြည့်လိုက်လေသည်။

သူတို့နှစ်​​ယောက်​မှာ ဝံပုနက်သွေးပါတဲ့ လကိတ်​မုန့်​ကိုစားမိထားလို့ ရင်​ထဲမှာပူ​လောင်​​နေတော့တယ်။ သူတို့ဝိညာဥ်စွမ်းအားကိုသုံးပြီး ဆေးအစွမ်းကို လျှော့ချရမှာလေ၊ တိုက်ရိုက်ကြီးဝိညာဥ်စွမ်းအားပို့တာက သူတို့ကိုပိုပူလာအောင် လုပ်နေတာနဲ့မတူဘူးလား?

မုဟဲက အပြုံးသေးလေးဖြင့် "ရှစ်စွမ်းခန္ဓာကိုယ် မခံနိုင်မှာစိုးလို့ပါ...အခု ရှစ်စွမ်းတကယ် အဆင်ပြေရဲ့လား?"

ရှဲ့ကျစ်ဝေ့ သူ၏ညှိုးငယ်နေသော အမူအရာကို ကြည့်ကာ ခေါင်းကိုလှမ်းထိလိုက်သည်။ “လျှောက်ပြောမနေနဲ့။ ဆရာက ဝိညာဉ်စမ်းရေထဲမှာ လေးနှစ်တောင်စိမ်နေတာကို၊ အခုအကုန်လုံး အဆင်ပြေနေပြီ”

“အကုန်လုံး အဆင်ပြေတယ်…” မုဟဲ၏အသံမှာ ရှဲ့ကျစ်ဝေ့ခန္ဓာကိုယ် အောက်သို့စိုက်ကြည့်ရင်း နိမ့်ဆင်းသွားခဲ့သည်။

သူ၏ထူးဆန်းသော အမူအရာကို မြင်လိုက်ရတော့ ရှဲ့ကျစ်ဝေ့ခေါင်းပေါ်၌ အနက်ရောင်မျဉ်းများ မပေါ်လာမီ အဆုံးထိအကြည့်နောက်သို့ လိုက်သွားခဲ့သည်။ မုဟဲက သူ့ခြေထောက်ကြားရှိနေရာကို စိုက်ကြည့်ရင်း မျက်လုံးများမှာ ပူလောင်နေပုံပင်။

သူ့အပေါ်တက်ချင်နေတာပဲ။

နှေးကွေးတာ ရှဲ့ကျစ်ဝေ့ရဲ့အမှားမဟုတ်ပါ။ သူဒီကမ္ဘာကို ပြန်ရောက်ပြီး ရက်အနည်းငယ်သာ ကြာသေးပေမယ့် မုဟဲသူ့ကို တို့ဟူးနဲ့လုပ်ထားတဲ့ လူတစ်ယောက်လို ဂရုတစိုက်ဆက်ဆံပြီး တစ်ချက်ထိရုံနဲ့ အရည်ပျော်သွားမှာမလိုပါပဲ။ ဒီလိုလေ့ကျင့်ခန်းမျိုးက ပြင်းထန်လွန်းပြီး သူ့ကိုနာကျင်စေတာကြောင့် မုဟဲက နောက်တစ်ကြိမ် ထပ်မဟရဲတော့။ တစ်ခါတစ်လေ ကလေးဆိုးဆိုးပေမယ့်လည်း လေးလေးနက်နက် မရည်ရွယ်ခဲ့ပါ။

Too Bad Master Died Early [Mm translation] {Completed}Tahanan ng mga kuwento. Tumuklas ngayon